အနုပညာသတင်းများ

ခေးနဲ့ပုံတွေကို troll ကြတဲ့ အပေါ် ဖြေရှင်းလိုက်တဲ့ နေခြည်ဦး

မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ Beauty Bloggerတစ်ယောက်ဖြစ်တဲ့အပြင် အခုနောက်ပိုင်းမှာ ရုပ်ရှင်ကားတွေရော ရိုက်လာပြီး ပရိသတ်အားပေးချစ်ခင်မှုကို ပိုင်ဆိုင်ထားတဲ့ နေခြည်ဦး ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ယွန်းဝတီလွင်မိုးနဲ့ အတူတူ ပွဲတက်ခဲ့ပြီး ယွန်းဝတီလွင်မိုးက အရမ်းချောတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲကနေ ထွက် လာခဲ့တဲ့ ပုံတွေကို Troll နေကြတာနဲ့ ပတ်သက်ပြီးတော့လည်း နေခြည်ဦးက Sunday နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

နေခြည်ဦးက “ခေးနဲ့ ပွဲတက်တုန်းက ပုံလေးတွေလား ညီမတို့ နှစ်ယောက်က အပြင်မှာဘယ်လိုရုပ်လဲဆိုတာကို ပရိသတ်သိပါတယ်။ တစ်ခါတစ်လေကျတော့လည်း Camera lighting အယူအဆမှာ မှားတာပေါ့နော် ကိုယ့်ဘာသာကိုယ် အိမ်မှာရိုက်တဲ့ပုံနဲ့ အပြင်မှာ သေချာ Lighting ချိန်ပြီး ရိုက်တဲ့ပုံကတော့ ဘယ်တူပါ့မလဲ။

Camera အယူအဆ ထက် အလင်းအမှောင်သိပ်မတူတာပဲ ဖြစ်မှာပါ။ ခေးက အပြင်မှာ ဒီလောက်ချောတာကို ညီမကို ပြောတာက ကိစ္စမရှိဘူး ခေးကို Troll တယ်ဆိုတာ ဒီပုံကိုကြည့်ပြီးပဲ Troll လုပ်ကြတာပါ။ ဘာမှမဖြစ်ပါဘူး။ ပေါက်တယ်လို့တော့ မဟုတ်ဘူး။ မကောင်းတာနဲ့ ပေါက်တယ်ဆိုတော့ ကိုယ်ရုပ်ဆိုးတဲ့ ပုံတွေတင်တော့လည်း ဘယ်ကြိုက်မလဲ။ ဒါပေမဲ့ ဒါဟာ ပရိသတ်အတွက် ရယ်စရာဖြစ်တယ် ဒီလိုမျိုး တင်တယ်ဆိုတော့ ဘာပဲပြောပြော ပြောစရာတစ်ခုဖြစ်သွားတာပေါ့နော်။

ဘာမှမဖြစ်ပါဘူး ရိုးနေပြီ။ ဘာမှမဖြစ်တော့ဘူး ဘာလို့လဲဆိုတော့ ညီမ မိတ်ကပ်မပါတဲ့ပုံလည်းတင်တယ် မိတ်ကပ်ပါတဲ့ ပုံလည်းတင်တယ် အရမ်းမိုက်တဲ့ ပုံလည်းတင်တယ် ဆုတ်ပြက်နေတဲ့ ပုံလည်းတင်တယ် ညီမအတွက်ကတော့ ပရိသတ်က ဘယ်လိုပဲ Troll Troll အမြဲတမ်းစောင့်ကြည့်နေကြတဲ့အတွက် ကိုယ်က အမြဲတမ်း ကြိုးစားရမယ်ဆိုတဲ့ စိတ်လေးပဲ ရှိတယ်။”လို့ ပြောသွားခဲ့ပါတယ်။

သရုပ်ဆောင်လုပ်တဲ့အပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ဘာတွေ လုပ်အပ်တယ်လို့ ထင်လဲလို့ မေးမြန်းရာ “သရုပ်ဆောင်လုပ်တာနဲ့ ပတ်သက်ပြီး လိုအပ်တာရယ်လို့တော့ အခုဟာက ဇာတ်ကားက နှစ်ကားပဲ ပြရသေးတာဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် နေခြည့်မှာ အဲ့လိုကြီးတော့ မရှိဘူး နေခြည့်မှာ ကားတိုင်းကားတိုင်းမှာ ကိုယ်လိုအပ်တာတွေကို ပြန်ကြည့်တယ် အဲ့ဟာတွေကို နောက်ကားမှာ ပါအောင်လုပ်တယ်။ ထပ်ထွက်လာမယ့်ကားတွေမှာလဲ ကိုယ်ဘာတွေလိုအပ်လဲ အမြဲကြည့်ပြီး အမြဲပြင်နေမှာပါ။”လို့ ပြောသွားခဲ့ပါတယ်။

Credit: Nanmalgyi