အနုပညာသတင်းများ

တအားပေါတဲ့ ဟာသကားတွေ မရိုက်ချင်ဘူးဆိုတဲ့ ရဲတိုက်

လူငယ်တွေ အရူးအမူးအားပေးကြတဲ့ အနုပညာရှင်တစ်ယောက်တွေထဲမှာ ရဲတိုက် ကလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူရဲ့အကြည့်တွေ သူ့ရဲ့သရုပ်ဆောင်မှုတွေ၊ သူ့ရဲ့စတိုင်လ်တွေဟာဆိုရင် ဒေါင်းမတိုင်မီကာလတွေမှာ အတော်ကို ရေပန်းစားခဲ့ပါတယ်။ ဒီအချိန်မှာတော့ သူဟာသူ့ရဲ့အပြစ်တစ်ခုအတွက်ဆေးကြောသန့်စင်ပြီးတဲ့အချိန်၊ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတဲ့ အချိန်ဆိုတော့ ရဲတိုက် တစ်ခေတ်များ ပြန်ဖြစ်လာမလားလို့တောင် တွေးမိပါတယ်။ အခု Myanmar Celebrity နဲ့ အင်တာဗျူးမှာ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ် ။

ရဲတိုက် “ ကျနော်ကားတိုင်းမှာ အရမ်းဟဲဗီးကြီး မလုပ်ချင်ဘူး လူတစ်ယောက် အမြဲတမ်း ကျနော်ကိုယ်တိုင်လည်း ကာရိုက်တာကို ပေါ့ပေါ့ပါးပါး ကားမျိုးလည်း ကျနော်ရိုက်ချင်တယ် ။ ကျနော်မရိုက်ချင်တာ ဟာသကား တအားပေါတဲ့ကားမျိုးသာ မရိုက်ချင်တာလေ ၊ ဟာသကားဆိုသော်လည်း ကောင်းတဲ့ ဟာသကားလေးတွေရှိတယ် အဆင့် အတန်းရှိတဲ့ ဟာသကားလေးတွေရှိတယ် အဲ့ဒါမျိုးလေးတွေရိုက်ချင်တယ် ။ နောက်ပြီးရင် အချစ်ကားလည်းရိုက်ချင်သေးတယ် ။

ဘာဖြစ်လို့လည်းဆိုတော့ ကျနော်အရမ်းမှ မအိုသေးတာ ကျနော်ချစ်ခွင့်ရှိသေးတယ်နော်(ရယ်လျက်) ၊ ကျနော်အချစ်ကားလည်း ရိုက်ချင်တယ် ။ နောက်ပြီးတော့ အက်ရှင်ကားလည်း ကျနော်ရိုက်ချင်တယ် ၊ ကျနော်စုံအောင်ရိုက်ချင်တယ် ။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ စိတ်ထဲမှာ ဖီးလ်ဖြစ်နေတာ သရဲကားရိုက်ချင်တယ် ။ ဒီရက်ပိုင်းညဘက်ထွက်တာအရမ်းများလာတော့လေ ကျနော်က သန်လျင်မှာ ပြောင်းနေနေတယ် ဗျာ ။ သန်လျင်မှာ တိတ်ဆိတ်တယ် ညဘက်ဆို တောကြီးလိုပဲ ဆိုတော့ အပြင်ထွက်ရင် မမြင်ရသော်လည်း သူတို့တွေရဲ့တည်ရှိမှုနဲ့ နေထိုင်ပုံစံတွေကို စိတ်ထဲမှာ ခန့်မှန်းပြီးတော့ ရင်ခုန်တာပေါ့ ။ အဲ့ဒီကာရိုက်တာကို စိတ်ဝင်စားနေတယ်အခု ။

ဖြစ်နိုင်ရင် သရဲကားရိုက်ရင် အောင်မြင်လေ့ရှိတဲ့ ယိုးဒယားတို့ ၊ မလေးရှားတို့ အဲ့ဒီလို နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ရိုက်ချင်ပါတယ် ။ ဒီလိုပဲ သရုပ်ဆောင်တစ်ယောက် အနေနဲ့ ဒီလိုပဲ နားလည်နိုင်မလားတော့မသိဘူး ။ သရုပ်ဆောင်တစ်ယောက်ရဲ့စိတ်က စာအုပ်စင်တစ်ခုလိုပဲ ကြိုက်တဲ့စာအုပ်ကို ကြိုက်တဲ့အချိန်မှာ အချိန်မရွေးကြိုက်သလို ကောက်ဖတ်တာပဲ ။ ကျနော်တို့သာ စိတ်နဲ့ပတ်သက်ရင် စည်းကမ်းသိပ်မထားဘူး ။ စိတ်ကို လွတ်လွတ်လပ်လပ် ထားတာများတယ် ။ ကျနော်တို့စိတ်ကို ခန့်မှန်းရတာ ခက်ပါတယ် ။ အဲ့ဒီအတွက် ကျနော်တို့ကိုယ်တိုင်လည်း မဖော်ပြတတ်ပါဘူး ၊ မသုံးသပ်တတ်ပါဘူး ။ အဲ့ဒီတော့ ဘေးကလူတွေ ဘယ်လိုမြင်တယ် ဘယ်လိုသုံးသပ်တယ်ဆိုတာက ကျနော်တို့အတွက်လည်း အရေးမကြီးပါဘူး ။”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

The post တအားပေါတဲ့ ဟာသကားတွေ မရိုက်ချင်ဘူးဆိုတဲ့ ရဲတိုက် appeared first on Nanmalgyi.