အနုပညာသတင်းများ

အဓိဌာန်အောင်လို့ ဦးဇင်းဝတ်ဖြစ်တာ ဆိုတဲ့ ဟိန်းမင်းသူ

လူငယ်မိန်းကလေးပရိသတ်တွေရဲ့အများအပြား အားပေးမှုကို ရရှိနေတဲ့ တက်သစ်စ လူငယ်အဆိုတော် သရုပ်ဆောင် မော်လ်ဒယ်ဟိန်းမင်းသူကတော့ လက်ရှိအချိန်မှာ ဦးသောဝိဏဆိုတဲ့ ဘွဲ့နာမည်နဲ့ ဦးဇင်းဝတ်နေတာဖြစ်ပါတယ်။ အခုလိုမျိုး ဦးဇင်းဝတ်တာဟာ အဓိဌာန်ထားတာ အဓိဌာန်အောင်သွားလို့ ဖြစ်တဲ့အကြောင်းကိုလည်း ဦးသောဝိဏခေါ်အဆိုတော်ဟိန်းမင်းသူက Cele Yatkwat ရဲ့ အင်တာဗျူးတစ်ခုကနေ ပြောသွားခဲ့ပါတယ်။

ဦးသောဝိမခေါ်ဟိန်းမင်းသူက “ကျောင်းက ဦးဇင်း ကျွန်းကလေးကျောင်းမှာပေါ့ သရက်တောထဲက ကျွန်းကလေး ကျောင်းမှာ ဝတ်ဖြစ်ပါတယ်။ ဦးဇင်းက ဦးဇင်းမဝတ်ခင်ကတည်းကိုက ဘုရားမှာ အဓိဌာန်လေးတစ်ခုလုပ်တယ် အဓိဌာန်အောင်မြင်သွားရင် ဦးဇင်းဝတ်မယ်ဆိုပြီးတော့ အစောကြီးကတည်းက အဓိဌာန်ထားတာပေါ့နော်။ အဓိဌာန်ကလည်း အောင်မြင်သွားတဲ့အတွက် ဦးဇင်းဝတ်ဖြစ်သွားတာပါ။

သင်္ကန်းမဝတ်ခင် သိမ်ဝင်တဲ့ အခါမှာ ဆရာတော်ဘုရားတွေရဲ့ ရွတ်ဖတ်တာကို ခံရတယ် အဲ့မှာ ဝတ်နည်းတွေလည်းရှိတယ်။ ဝတ်နည်းတွေရှိတယ် အဲ့တာလေးတွေဆိုရင် နားဝင်ဖြစ်တယ်။ ဘာတွေပါလဲပေါ့ သေချာ နားထောင်ဖြစ်တယ်။ စိတ်ကတော့ လူထက်စာရင် ဦးဇင်းဝတ်လိုက်တဲ့အခါမှာ ပိုပြီးတော့ အတွေးရော စိတ်ထားရော ပိုပြီးတော့ လူဝတ်ထက် နူးညံ့သိမ်မွေ့သွားတယ်လို့ ခံစားရတယ်ပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

Crd: Nanmalgyi