အနုပညာသတင်းများ

ထိုင်းနိုင်ငံမှာနာမည်အရမ်းကြီးနေတာနဲ့ ပတ်သက်ပြီး ဖြေရှင်းသွားတဲ့ ပိုင်တံခွန်

မြန်မာနိုင်ငံမှာတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မော်ဒယ် သရုပ်ဆောင်ဖြစ်တဲ့ ပိုင်တံခွန်ကတော့ လတ်တလောမှာတော့ ထိုင်းနိုင်ငံမှာ အရမ်းကို နာမည်ကြီးနေပြီး ထိုင်းပြည်သူတွေကြားမှာ သူ့ရဲ့ပုံတွေ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပိုင်တံခွန်ကတော့ ထိုင်းမှာ သူ့ပုံတွေ သူ့သတင်းတွေ ပျံ့နှံ့နေတာနဲ့ ပတ်သက်လို့ ပြောကြားသွားခဲ့ပြီး သူ့အနေနဲ့လည်း အတိုင်းမသိဝမ်းသာကြောင်းကို ပြောကြားသွားခဲ့ပါတယ်။

ပိုင်တံခွန်ကတော့ Sunday နဲ့ အင်တာဗျုးမှာတော့ လတ်တလောအနုပညာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး “ကြော်ငြာတွေ တောက်လျှောက်ရိုက်ဖြစ်တယ်။ ရုပ်ရှင်ကားတွေ လက်ခံထားတယ်။ ထိုင်းနဲ့ အလုပ်တွေ အများကြီး တွဲလုပ်ဖို့ လက်ခံထားပါတယ်ဗျာ”

“တခြားတော့မရှိပါဘူး။ ထိုင်းပေ့ခ်ျတွေမှာ ကျတော့်ပုံတွေ တင်ထာတွေ့တော့ ဝမ်းသာတယ်။ ပြီးတော့ ထိုင်းပရိသတ်တွေလည်း ရတယ်။ ထိုင်းကနေပြီးတော့ ပရိသတ်တွေ တိုးတာပေါ့။ ကျနော်တွေ့တာကတော့ ထိုင်းပေ့ခ်ျ ၂၀၊ ၃၀ လောက်ရှိတော့မယ်ဗျာ။ သူတို့ရေးထားတာကတော့ လက်ရှိ မြန်မာနိုင်ငံက မော်ဒယ်ပေါ့။ အဲ့ဒါလေးတွေ တွေ့တယ်။ တခြားတော့ မဟုတ်ပါဘူး။ ထိုင်းပရိသတ်တွေအနေနဲ့လည်း ဖေ့ဘုတ်မှာ Follower  ၁ သိန်း ၆ သောင်းလောက်တိုးလာတယ်။ အကုန်လုံးက ထိုင်းအကောင့်တွေကြီးပဲ။ မြန်မာတွေလည်း ပါပါတယ်”

“ဟိုနေ့ ထိုင်း Channel မှာ ကျနော့်ပုံတွေနဲ့ မြန်မာနိုင်ငံက မော်ဒယ်ဆိုပြီးတော့ တတ်လာတော့ ထိုင်းက ကျနော့်သူငယ်ချင်း မော်ဒယ် တယောက်က ပို့ပေးတာ။ သူကလည်း ထိုင်းမှာ နင့်သတင်းတွေ နင့်ပုံတွေက အရမ်းပေါ်ပြူလာဖြစ်နေတယ်ပေါ့။ ကျနော်ကလည်း အလုပ်များနေတော့ သေချာမသိဘူး။ ပို့ပေးလို့ရလားဆိုတော့ သူပို့ပေးတယ်။ အဲ့ဒါတွေမြင်လို့လည်း ဝမ်းသာပါတယ်”

“ကျနော့်ပုံတွေ ယူသုံးတာ ဘာမှမဖြစ်ပါဘူး။ ဒါကလည်း လူတိုင်းလိုချင်တဲ့ အခွင့်အရေးပဲလေ။ အဓိက ကတော့ ထိုင်းမှာ ကိုယ့်ရဲ့ ဓါတ်ပုံတွေက လူကြိုက်တယ် လူချစ်တယ်ဆို ကိုယ်က ဝမ်းသာရမယ့် အပိုင်း စိတ်ဆိုးတာတွေ ကျနော့်မှာ မရှိပါဘူး။ ကျနော့်ဖက်ရှင်တွေကလည်း ရိုးရိုးလေးတွေပဲ။ ကျနော့် ဓါတ်ပုံတွေ ဝင်ကြည့်လို့ရတယ်။ ထွေထွေထူးထူးဝတ်ထားတာတွေ ဘာမရှိဘူး။ ဖက်ရှင်အရမ်းကျတာတွေ မဝတ်တတ်ဘူး။ အရောင်ရှင်းရှင်းလေးတွေပဲ ထားပါတယ်။ ဆံပင်ကတော့ ရုပ်ရှင်ရိုက်ပြီးရင်တော့ ညပ်တော့မှာပါ” ဟု ပြောကြားသွား ခဲ့ပါတယ်။

The post ထိုင်းနိုင်ငံမှာနာမည်အရမ်းကြီးနေတာနဲ့ ပတ်သက်ပြီး ဖြေရှင်းသွားတဲ့ ပိုင်တံခွန် appeared first on Nanmalgyi.