အနုပညာသတင်းများ

သားလေးက မားမားလို့ မခေါ်တတ်ပေမယ့် ပါးပါးလို့တော့ ခေါ်တတ်နေပြီဆိုတဲ့ ယွန်းဝတီလွင်မိုး

ယောကျာ်းလေး ပရိသတ်တွေ အခိုင်အမာ ရရှိထားတဲ့ ရုပ်ရှင်မင်းသားကြီး လွင်မိုးရဲ့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုးကတော့ လက်ရှိချိန်မှာ ကိုယ်ပိုင်မိသားစုလေးကိုတောင် ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးကတော့ ချစ်စရာကောင်းတဲ့ သားလေး တယောက်ရှိပြီး သားလေးနဲ့ ပတ်သက်တဲ့အကြောင်းလေးတွေကိုတော့ အမြဲ အသိပေးနေကြပါ။ လက်ရှိမှာ ယွန်းဝတီလွင်မိုးကတော့ သူဘယ်တော့ နိုင်ငံခြား ပြန်သွားမယ့် အကြောင်းနဲ့ သားလေးရဲ့ ထူးခြားလာမှုတချို့ကို ပြောကြားသွား ခဲ့ပါတယ်။

L’Oreal Paris ပွဲတက်ဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ယွန်းဝတီလွင်မိုးကတော့ “အစကတော့ တက်ဖို့ မတက်ဖို့က သိပ်ပြီးတော့ မသေချာသေးဘူး။ ဒါပေမယ့်လည်း ဘာပဲ ဖြစ်ဖြစ် ပွဲလေးတတ်လိုက်ပါမယ်ပေါ့။ ဘာလို့လဲဆိုတော့ ရန်ကုန်မှာလည်း တလပဲ နေတာဆိုတော့လေ။ ပွဲလေးတတ်ဖြစ်တာပါ”

ဘယ်တော့ပြန်မှာလဲဆိုတဲ့ မေးခွန်းကိုတော့ “ဒီလကုန်လောက်ဆိုရင် ပြန်မှာပါ။ အောက်တိုဘာလလောက်ပြန်လာမယ်။ မပြန်လာဖြစ်ရင်တော့ ဒီဇင်ဘာလလောက် ပြန်လာမယ်”

ရန်ကုန်ရောက်တုန်း ဘာတွေလုပ်ဖြစ်နေလဲဆိုတဲ့ အပေါ်မှာတော့ “ရောက်တုန်းရောက်ခိုက်တော့ အနုပညာအလုပ်တွေ လုပ်ရတာဆိုတော့ လုပ်ဖြစ်ပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ သားလေးနဲ့ ကိုယ့်အမျိုးသားနဲ့ မိသားစုနဲ့ပဲ နေပါတယ်”

သားလေးကို ဝိုင်းချစ်ပေးကြတဲ့ အပေါ်မှာတော့ “ပျော်တာပေါ့နော်။ ညီမသားလေးကို ညီမချစ်သလောက်လေး ဝိုင်းချစ်ပေးကြလို့ အားပေးကြလို့ ပျော်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ သားလေးရဲ့ ထူးခြားမှုကတော့ ပါးပါးလို့ ပြောပါပြီ။ အရမ်းလည်း လမ်းလျှောက်ချင်နေပါပြီ။ လူကြီးတွေ ပြောတာကိုလည်း လိုက်ပြောတတ်နေပါပြီ။ အရမ်းချစ်ဖို့ ကောင်းပါတယ်။ မားမားလို့ကတော့ သူ့ကိုသင်ပေးနေပါတယ်။ ခုတော့ ပါးပါးနဲ့ သဲသဲပေါ့။ မားမားလို့ ခေါ်တတ်အောင်တော့ သင်ပေးနေပါတယ်”

အဝေးရောက်နေတဲ့ အချိန်မှာ သားလေးကို စိတ်ချလားဆိုတဲ့ အပေါ်မှာတော့ “အဲ့လိုတော့ မဖြစ်ပါဘူး။ ဒီမှာယုံကြည်စိတ်ချရတဲ့ မိသားစုလေးနဲ့ ထားခဲ့တယ်။ နှစ်ဖက်လုံးတော့ မိဘတွေက သူ့ကိုအရမ်းချစ်ကြတယ်။ ဂရုစိုက်ပေးတယ်။ အဲ့တော့ စိတ်ချတယ်။ လွမ်းတာကတော့ လွမ်းတာပေါ့နော်” ဆိုပြီး ဖြေကြားသွား ခဲ့ပါတယ်။

The post သားလေးက မားမားလို့ မခေါ်တတ်ပေမယ့် ပါးပါးလို့တော့ ခေါ်တတ်နေပြီဆိုတဲ့ ယွန်းဝတီလွင်မိုး appeared first on Nanmalgyi.