အနုပညာသတင်းများ

အနုပညာအလုပ်ပါးနေတဲ့အချိန် ဖြတ်သန်းနေရတဲ့ ဘဝအခြေအနေကိုပြောပြလာတဲ့ ယွန်းရွှေရည်

ချစ်စရာမျက်နှာထားလေးနဲ့ ဇာတ်တစ်ခုလုံးကို အကောင်းဆုံးပုံဖော်ဖန်တီးခွင့်ရအောင် ထောက်ပံ့ပေးနေတဲ့ ဇာတ်ပို့သရုပ်ဆောင်လေး ယွန်းရွှေရည်ကတော့ အနုပညာကို ချစ်မြတ်နိုးသူတစ်ဦးပါ။ သွက်သွက်လက်လက်လေးနဲ့ အပိုအလိုမရှိအံဝင်ဂွင်ကျစွာနဲ့ သူမရဲ့သရုပ်ဆောင်ချက်တွေဟာ ပရိသတ်တွေ အသိအမှတ်ပြုလက်ခံခဲ့ရတဲ့ အနုပညာသွေးတွေပါပဲ။

Image may contain: 5 people, people sitting

Image may contain: 1 person

Image may contain: 1 person

ဗီဒီယိုရိုက်ကူးမှုတွေနည်းပါးသွားတဲ့အချိန်မှာတော့ ဇာတ်ပို့သရုပ်ဆောင်တွေအတွက် အနုပညာလုပ်ကိုင်ခွင့်တွေ အတော်လေး လျော့ကျလာခဲ့တာဖြစ်ပါတယ်။ ယွန်းရွှေရည်က ဇာတ်ကားရိုက်ကူးမှုပါးနေတဲ့အချိန်မှာ သူမဖြတ်သန်းနေရတဲ့ ဘဝအခက်အခဲတချို့ပုံစံလေးတွေကို မီဒီယာတွေနဲ့တွေ့ဆုံစဉ် အင်တာဗျူးမှာဖြေကြားလာခဲ့တာဖြစ်ပါတယ်။

Image may contain: 2 people, people smiling, people standing

Image may contain: 2 people, people smiling, people standing

Image may contain: 1 person, standing

“အဲ့လိုမျိုးတော့မခံစားရပါဘူး အလုပ်မလုပ်ရတဲ့အတွက်တော့ အလုပ်နဲ့နည်းနည်းဝေးကွာတဲ့အတွက် စိတ်ဓာတ်ကျတာတွေဘာတွေတော့ မရှိဘူး။ တချိန်ကျရင် ကိုယ်တွေ အနုပညာအလုပ်ကိုပြန်ကောင်းလာမှာပဲလေ ဒါကိုယ်တစ်ယောက်တည်းလည်း မဟုတ်ဘူး။ အကုန်လုံးဖြစ်နေတာဆိုတော့ စိတ်ဓာတ်ကျတယ်လည်းမဟုတ်ဘူး။ အနုပညာနဲ့ပတ်သက်ပြီးလုပ်ချင်စိတ်က အမြဲအပြည့်ရှိနေတာ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်ကပဲခေါ်ခေါ်ပေါ့နော် ကိုယ့်ဘက်က အမြဲအဆင်သင့်ဖြစ်နေတယ်။”

Image may contain: 1 person, smiling, standing and outdoor

Image may contain: 4 people, people sitting and closeup

“ဇာတ်ကားမရိုက်ရတဲ့အချိန်မှာ ရှေ့ကရိုက်ထားတာတွေ စုထားဆောင်းထားတာတွေနဲ့ ထိုင်စားနေတယ်ပေါ့။ အဲ့လိုပဲ ပွဲလေးဆိုလိုက် ပွဲကရတဲ့ အနုပညာလေးစုလိုက်ပေါ့နော်။ ရှေ့ကလည်း ကိုယ်သီချင်းဆိုထားတာတွေ၊ ရိုက်ထားတာတွေ စုရတယ်လေ။ အနုပညာရှင်တွေဆိုတာ ဒီအလုပ်တစ်ခုတည်း လုပ်တတ်တာ အခုလိုမျိုးကားတွေကျဲသွားတယ် ရပ်တန့်သွားတဲ့အခါမျိုးဆို ရှိတာလေးနဲ့ပဲ မှေးပြီးစားရတယ်ပေါ့။ လာတဲ့အလုပ်လေးကို ဖြစ်သလိုလေးနဲ့ပဲ အကောင်းဆုံးဖြစ်အောင် လက်ခံညှိနှိုင်းပြီးတော့ပဲ လုပ်ရတယ် နောက်ပြီးကျတော့ ဈေးတွေဘာတွေရောင်းဖို့ကျတော့လည်း ရောင်းတဲ့လူလည်းရောင်းနေကြပြီ အခြေအနေအမျိုးမျိုးပဲ။လူအမျိုးမျိုးရှိတယ်။ ကိုယ်လို အဆင်ပြေမယ့် ကိုယ့်ထက်အဆင်မပြေမယ့် သူတွေလည်း အများကြီးပဲ။ ကိုယ်လည်းအဆင်ပြေတဲ့ထဲကမဟုတ်ဘူး ဒါပေမယ့် အဆင်ပြေအောင် နေနေရတာပေါ့နော်။ ဘယ်နေရာပဲဖြစ်ဖြစ် အားလုံးနဲ့ အဆင်ပြေအောင်နေနိုင်ဖို့တော့ကြိုးစားရတယ် အဆင်ပြေအောင်နေနိုင်မှလည်း စိတ်ဓာတ်တွေဘာတွေမကျတော့ဘူးပေါ့နော်။”

Image may contain: 1 person, selfie and closeup

Image may contain: 2 people, people smiling, selfie and closeup

“ကားရိုက်တွေလည်းမရှိဘူး။ ညီမတို့လည်း မရိုက်ရတာကြာပြီ။ ပြီးခဲ့တဲ့ (၁) လပိုင်းဇာတ်လမ်းတွဲရိုက်ပြီးတည်းကနေ ခုဆိုရင်ပဲ (၄) လ (၅) လ (၆) လဆိုတော့ (၃) လလောက်ရှိပြီပေါ့နော်။ ဒီလိုပဲ အရေးကြီးတာဘာလုပ်ရမလဲဆိုတော့ ကိုယ်ရိုက်ရတဲ့အချိန်မှာ ကိုယ်ရတဲ့အနုပညာကြေးကိုအတတ်နိုင်ဆုံး စုဆောင်းရမယ်။ ဘာလို့လဲဆိုတော့ ကိုယ်က ဒီအလုပ်တစ်ခုပဲလုပ်တတ်တာ။ တခြားအလုပ်လည်း မလုပ်တတ်ဘူး။ ပြီးတော့ အရင်လို ကိုယ်အသုံးအဖြုန်းတွေလည်း သုံးလို့မရတော့ဘူး။ အဲ့တော့ အကုန်လုံးလျှော့ချရတယ်။ အရင်ကိုယ်က ဒီနေရာမှာ နှစ်သောင်းသုံးမယ်ဆို တစ်သောင်း၊ အဲ့တစ်သောင်းထက်နည်းအောင်ဘယ်လိုသုံးရမလဲ။ ချွေတာရတယ်။ ခဏလေး အလုပ်တွေရပ်တန့်နေတဲ့အချိန် ခုခဏပါ နောက်ပြန်ပြီးတော့အဆင်ပြေလာမယ်လို့ ထင်ပါတယ်။ မျှော်လည်းမျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ အနုပညာအလုပ်ကလွဲရင် ကျန်တဲ့အလုပ်လည်း ဘာမှမှ သိပ်မလုပ်တတ်ကြတာ။ တချို့တွေဆိုလည်း ကိုယ့်ထက်အဆင်မပြေတဲ့သူတွေအများကြီးရှိတယ်။”

Image may contain: 1 person, smiling, standing

Image may contain: 4 people, outdoor

“အရင်တုန်းကတော့ စစချင်းတုန်းက နည်းနည်းတော့ဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းဖေ့ဘုတ်မှာကြည့်တော့ သတင်းတွေပဲအမြဲတမ်းကြည့်တယ်။ ကိုယ့်ထက်အဆင်မပြေတဲ့အနုပညာရှင်တွေအများကြီးပဲ။ ကိုယ်ထက်အသက်ကြီးရွယ်အိုအနုပညာရှင်တွေလည်း အများကြီးပဲဆိုတော့ ငါလည်း သူ့လောက်တော့မဆိုးသေးဘူး။ အဲ့တော့ ငါတို့ခံနိုင်ရည်ရှိရမယ်။ သူတို့တောင် ခံနိုင်ရည်ရှိသေးတာပဲ။ အဲ့တော့ ကိုယ့်ရဲ့ လက်တလောအခြေအနေကိုရင်ဆိုင်ဖို့ ကိုယ့်ပေါ်မှာပဲမူတည်တယ်။” လို့ ဖြေကြားသွားခဲ့တာပါ။

Image may contain: 1 person, shoes

Image may contain: 1 person

အနုပညာအလုပ်တွေပါးနေတဲ့ကာလဖြစ်တာကြောင့် အချို့အနုပညာရှင်တွေကတော့ ဒီလိုအချိန်မှာ ရရာအလုပ်တချို့ကိုလုပ်ကိုင်ပြီး ဘဝကိုခက်ခဲစွာဖြတ်သန်းနေရာတာတွေကိုလည်း ပရိသတ်ကြီးသိကြမှာပါနော်။We Love Cele

Credit: We Love Cele

Leave a Reply

Your email address will not be published. Required fields are marked *