အနုပညာသတင်းများ

ကိုရီးယားယဉ်ကျေးမှုကျောင်းတော်ရဲ့ သံတမန်အဖြစ် ခန့်အပ်ခံရတဲ့ လီမင်ဟို

နာမည်ကျော်ကိုရီးယားမင်းသားချော လီမင်ဟိုဟာ ကိုရီးယားနိုင်ငံရဲ့ အမျိုးသားယဉ်ကျေးမှုနဲ့ပညာရေး တက္ကသိုလ်မှ သံတမန်အဖြစ် ခန့်အပ်ခြင်းကို လက်ခံရရှိခဲ့ပြီး ကောင်းမွန်တဲ့ပုံရိပ်တစ်ခုအဖြစ် တစ်နိုင်ငံလုံးမှာ ကိုရီးယားယဉ်ကျေးမှုနဲ့ ဘာသာစကားတို့ကို ဖြန့်ဝေပေးဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။

လီမင်ဟိုဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့မှာ ဆိုးလ်မှာကျင်းပခဲ့တဲ့ ၂၀၁၉ ခုနှစ် ကိုရီးယားဘာသာစကားသင်ဆရာများရဲ့ ကမ္ဘာ့တွေ့ဆုံပွဲနေ့ကို တက်ရောက်ခဲ့တာဖြစ်ပြီး အဆိုပါပွဲမှာပဲ အမျိုးသားယဉ်ကျေးမှုနဲ့ ဘာသာစကားအတွက် သံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

အခုလိုသံတမန်တစ်ယောက်ဖြစ်လာတဲ့အတွက် လီမင်ဟိုဟာ ကိုရီးယားယဉ်ကျေးမှုနဲ့ဘာသာစကား တက္ကသိုလ်မှ ပြဌာန်းသင်ကြားနေတဲ့ အရာတွေကို ကမ္ဘာအနှံ့မှာ ပုံရိပ်မြှင့်တင်ပေးဖို့ တာဝန်ကျလာခဲ့ပါတယ်။ ဒါဟာ ကိုရီးယားဒရာမာတွေနဲ့ ကမ္ဘာကျော်လာတဲ့ မင်းသားအတွက်တော့ အဆင်အပြေဆုံး တာဝန်တစ်ခုပါပဲ။

အခုလိုသံတမန်ဖြစ်လာတာနဲ့ ပတ်သက်ပြီး သူက “ယဉ်ကျေးမှုတက္ကသိုလ်ရဲ့ သံတမန်အဖြစ် တာဝန်ထမ်းဆောင်ရမှာ ဂုဏ်သိက္ခာတစ်ခုပါ” လို့ဆိုခဲ့ပြီး “တစ်ချို့လူတွေကတော့ ဒီတက္ကသိုလ်နဲ့ သူ့ကြားမှာ ဘာဆက်သွယ်မှုရှိလဲ (ဘာဆိုင်လို့လဲ) လို့ သိချင်ကြမှာဖြစ်ကြောင်း၊ ဒါပေမယ့် သူဟာ သရုပ်ဆောင်အဖြစ် ပွဲထွက်ခဲ့တာ ၁၃ နှစ်ရှိပြီဖြစ်ပြီး နိုင်ငံတကာမှ ပရိသတ်တွေနဲ့ အကြိမ်များစွာတွေ့ဆုံခဲ့ရကြောင်း၊ ဒါကြောင့် ကိုရီးယားဘာသာစကားကို ပုံရိပ်မြှင့်တင်ဖို့ တွေးတောပေးခဲ့ကြောင်း” ပြောကြားခဲ့ပါတယ်။

ပြောချင်လွန်းလို့ တို့ရော လီမင်ဟိုနဲ့ တွေ့ရင် စကားပြောနိုင်ဖို့ ကိုရီးယားသင်တန်း တက်ထားပြီးကြပြီလား။

Credit: Nanmalgyi