အနုပညာသတင်းများ

ကိုရီးယားရဲ့လမ်းမထက်မှာ ကွေးနေအောင် ကခဲ့ကြတဲ့ ခေတ်နဲ့သစ်

အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ​​မေ​မေချစ်​သု​ဝေက သမီးလေး ​ခေတ်​​လေးနဲ့ သစ်​​လေးတိုနဲ့အတူ ကိုရီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ခရီးထွက်နေရရင်ကို ပျော်နေတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ကတော့ ကိုရီးယားက လမ်းမထက်မှာ အားရပါးရကခုန်နေကြတာ တွေ့ရပါတယ်။ ကကွက်ဆန်းတွေနဲ့ ပျော်ပျော်ကြီးကနေတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ဗီဒီယိုလေးကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။

ချစ်ပရိသတ်တွေအတွက် ကိုရီးယားလမ်းမပေါ်မှာ အားရပါးရကခုန်နေကြတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ဗီဒီယိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခေတ်လေးနဲ့ သစ်လေးတို့ကတော့ မိဘနှစ်ပါးရဲ့အနုပညာသွေး အပြည့်ပါတာမို့ သီချင်းသံကြားတာနဲ့ကို ပျော်ရွှင်ခုန်ပေါက်နေကြတာပါနော်။

ကကွက်ဆန်းတွေနဲ့ ကနေကြတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ဗီဒီယို

တစ်ခါမှ မမြင်ဖူးတဲ့ ကကွက်တွေနဲ့ ကနေတဲ့ သစ်လေးရဲ့ဗီဒီယို

အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်နေ့တစ်ခြား ပိုပိုတိုးလာတဲ့ သံယောဇဉ်တွေနဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားကြတာပါ။ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ သမီး​လေး​တွေရဲ့နာမည်​နဲ့လည်း ​ငွေ​ကြေးမတတ်​နိုင်​တဲ့ ကလေးငယ်​​တွေရဲ့ကျန်းမာ​ရေးအတွက်​ ​ဖောင်​​ဒေးရှင်းတစ်​ခု တည်​​ထောင်​ထားပါ​သေးတယ်​​နော်​။ ချစ်ပရိသတ်တွေလည်း ကိုရီးယားမှာ အပျော်ကြီးပျော်နေတဲ့ ​ခေတ်နဲ့ သစ်​​လေးတို့ကိုချစ်​ရင်​ share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-Momolay

Credit: We Love Cele