အနုပညာသတင်းများ

မိသားစုက Birthday Surprise လုပ်ပေးမှုကြောင့်ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ အူဝဲရဲ့ Video လေး

အူဝဲလို့ပရိတ်သတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ မြန်မာနိုင်ငံတွင် ထိပ်တန်းမင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ ကျရာဇာတ်ကိုပီပြင်ကျွမ်းကျင်စွာ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့်လည်း ရုပ်ရှင်ထူးချွန်ဆုများလည်း ဆွတ်ခူးရရှိထားသူ စွယ်စုံရမင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီနေ့လေးဟာတော့ ပရိသတ်တွေရဲ့အချစ်တော်မင်းသမီးလေး အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ အသက် ၄၂နှစ်မြောက်မွေးနေ့လေးမှာ သူမရဲ့ပရိသတ်များက ရန်ကုန်ဆေးရုံကြီးမှာ မွေးနေ့အလှူလေးပြုလုပ်ပေးခဲ့တာပါ။ ဒါ့အပြင် ဒီနေ့ညနေလေးမှာလည်း အူဝဲဟာ ပရိသတ်များနဲ့အတူ ဆီမီးတစ်ထောင်၊ပန်းတစ်ထောင်၊ ရေချမ်းတစ်ထောင်ကပ်လှူပူဇော်မှာပဲ ဖြစ်ပါတယ်။

မနေ့ည ၁၂ နာရီမှာလည်း သူမကိုချစ်ခင်တဲ့မိသားစုများက Birthday surprise လုပ်ပေးခဲ့တာပါ။ အူဝဲဟာ မိသားစုရဲ့အမှတ်မထင် surprise လုပ်ပေးမှုကြောင့် ကြည်နူးပီတိဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အူဝဲရဲ့မွေးနေ့ဗီဒီယိုလေးကို ကြည့်ရှုအားပေးကြပါဦးနော်။

Video ကြည့်ရန်

Source- crystal.hht

Share From swelsonenews