အနုပညာသတင်းများ

သမီးတွေနဲ့ တူတဲ့ အဖေမို့လားမသိဘူး အိပ်နေတာတောင် ချောနေတယ်ဆိုတဲ့ ဖေဖေလင်းလင်း




Source:Htwe Lynn Ko,CRD-Myanmarload

UNICODE

ပရိသတ်တွေကြားမှာရေပန်းစားပြီးအားကျအတုယူဖို့ကောင်းတဲ့လင်းလင်းနဲ့ချစ်သုဝေတို့မိသားစုလေးဟာဆိုရင်အရမ်းချစ်စရာကောင်းတဲ့မိသားစုလေးပါနော်။လင်းလင်းနဲ့ချစ်သုဝေကအနုပညာရှင်တွေဖြစ်ကြပြီးအမွှာသမီးလေးနှစ်ယောက်ကိုမွေးဖွားပြီးချိန်မှာတော့မေမေချစ်သုဝေကအနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာပါ။ခေတ်နဲ့သစ်လေးကလည်းအခုဆိုရင်၂နှစ်ကျော်အရွယ်ကိုရောက်ရှိနေပြီးစကားတွေလည်းတီတီတာတာပြောတတ်ကာမေမေ့အတွက်အဖော်ရနေပြီဖြစ်ပါတယ်နော်။

ခေတ်နဲ့သစ်လေးကလည်းချစ်စမွှေးပါပြီးအရမ်းချစ်စရာကောင်းကြလွန်းလို့တွေ့တဲ့လူတိုင်းကချစ်ကြပြီးလူချစ်လူခင်ပေါများပါတယ်။မေမေချစ်သုဝေကလည်းသမီးလေးတွေအတွက်ထူးချွန်ထက်မြတ်တဲ့စံပြမေမေတစ်ယောက်ဖြစ်သလိုသမီးလေးတွေကိုလည်းထူးချွန်ထက်မြတ်အောင်ပြုစုပျိုးထောင်နေတာဖြစ်ပါတယ်။ဖေဖေလင်းလင်းကတော့သမီးလေးတွေကိုအရမ်းချစ်ပြီးအားလပ်ချိန်တွေမှာဆိုသမီးလေးတွေနဲ့အတူဆော့ကစားပေးပြီးအချိန်တွေကိုပျော်ရွှင်စွာကုန်ဆုံးကြပါတယ်။

အခုဆိုရင်လည်းဖေဖေလင်းလင်းကသမီးနှစ်ယောက်ကိုဘေးတစ်ဖက်စီမှာထားပြီးသားအဖသုံးယောက်အိပ်ပျော်နေကြကာ “သမီးတွေနဲ့တူတဲ့ အဖေမို့လားမသိ ဇွတ်အိပ်နေတာတောင်ချောချက်ဖိုတိုbyမေမေဇာ”ဆိုပြီးသားအဖသုံးယောက် ချစ်စဖွယ်လေးအိပ်နေတဲ့ပုံလေးကိုတင်ထားပါတယ်နော်။ချစ်သုဝေတို့မိသားစုကတော့သာယာအေးချမ်းပြီးအပြန်အလှန်နားလည်မှုတွေချစ်ခြင်းမေတ္တာတွေနဲ့တည်ဆောက်ထားကြလို့အားကျအတုယူဖို့ကောင်းတဲ့ချစ်စဖွယ်မိသားစုလေးပါနော်။

Share From Global Myanmar Media