အႏုပညာသတင္းမ်ား

တေကာက္ေကာက္လုိက္ေနတဲ့ မီဒီယာေတြေၾကာင့္ ေအာင္ျမင္မွုဒဏ္ကိုခံႏုိင္ရည္ရွိေအာင္ႀကိဳးစားေနရတယ္ဆိုတဲ့ ေက်ာ္ေက်ာ္နႏၵ

ေဖ့ဘြတ္ခ္တစ္ခြင္လူႀကိဳက္မ်ားေအာင္ျမင္ေက်ာ္ၾကားေနတဲ့အဆိုေတာ္ေက်ာ္ေက်ာ္နႏၵဟာဆိုရင္သူ႔ရဲ႕ဆန္းသစ္လွတဲ့ဖက္ရွင္ေတြေၾကာင့္အခုိင္အမာပရိတ္သတ္ရရွိထားၿပီပဲျဖစ္ပါတယ္။ေအာင္ျမင္လာတာနဲ႔အမ်ွေက်ာ္ေက်ာ္နႏၵေနာက္ကိုသတင္းမီဒီယာေတြပါပါရာဇီကဆယ္လီေနာက္လိုက္သလိုတေကာက္ေကာက္လုိက္ေနၾကတာမဆန္းပါဘူး။ေက်ာ္ေက်ာ္နႏၵတစ္ေယာက္ ဒီလို စိတ္ညစ္စရာေကာင္းတဲ့ အေတြ႕အႀကံဳတစ္ခုကိုဘယ္လိုေျပာျပထားလဲဆိုတာဆက္လက္ဖတ္ရွုၾကည္႔ၾကရေအာင္။

ေက်ာ္ေက်ာ္နႏၵဟာလတ္တေလာဇာတိျဖစ္တဲ့တြံေတးၿမိဳ႕ကိုေရာက္ရွိေနတာျဖစ္ၿပီးသတင္းမီဒီယာေတြကသတင္းရယူေရးအတြက္တြံေတးထိလိုက္လာတာျဖစ္လို႔အေနၾကပ္မိေၾကာင္းလူမွုကြန္ယက္ေဖ့ဘြတ္ခ္စာမ်က္ႏွာကေနတစ္ဆင့္ေရးသားေျပာၾကားလာပါတယ္။

“ကၽြန္ေတာ့္အတြက္ေတာ့မီဒီယာဆိုတဲ့စကားလုံးကိုမသုံးသင့္ေတာ့ဘူးဗ်ာႏုိင္ငံျခားကအႏုပညာရွင္ေတြလိုမ်ိဳးပါပါရာဇီေတြလို႔ေျပာင္းေခၚရမယ့္ပုံစံျဖစ္ေနၿပီဗ်ာဘယ္သူမွမသိေအာင္ကၽြန္ေတာ့္ဇာတိတြံေတးၿမိဳ႕ေလးမွာတစ္ေန႔တာလွုပ္ရွားမွုလာရုိက္တာပါပါရာဇီေတြသင္းနံ႔ရၿပီးေရာက္လာေတာ့လည္းဟန္ေဆာင္ျပဳံးေနရၿပီေအာင္ျမင္မွုဒဏ္ကိုခံႏုိင္ရည္ရွိေအာင္ႀကိဳးစားမယ္” ဆိုၿပီး ေရးသားထားပါတယ္။

ေက်ာ္ေက်ာ္နႏၵဟာတြံေတးၿမိဳ႕အနီးအနားတစ္ဝွုိက္မွာရွိတဲ့ဘုန္းႀကီးေက်ာင္းေတြ၊သက္ႀကီးရြယ္အိုေတြကိုအလွဴဒါနျပဳလုပ္ခဲ့ပါတယ္။ ေမြးရပ္ေျမကို ခ်စ္ၿပီး စိတ္ေကာင္းေစတနာရွိတဲ့ ေက်ာ္ေက်ာ္နႏၵရဲ႕ စိတ္ဓာတ္ဟာဆိုရင္ ခ်ီးက်ဴးစရာပါပဲ။

CRD-Popolay

 

UNICODE

ဖေ့ဘွတ်ခ်တစ်ခွင်လူကြိုက်များအောင်မြင်ကျော်ကြားနေတဲ့အဆိုတော်ကျော်ကျော်နန္ဒဟာဆိုရင်သူ့ရဲ့ဆန်းသစ်လှတဲ့ဖက်ရှင်တွေကြောင့်အခိုင်အမာပရိတ်သတ်ရရှိထားပြီပဲဖြစ်ပါတယ်။အောင်မြင်လာတာနဲ့အမျှကျော်ကျော်နန္ဒနောက်ကိုသတင်းမီဒီယာတွေပါပါရာဇီကဆယ်လီနောက်လိုက်သလိုတကောက်ကောက်လိုက်နေကြတာမဆန်းပါဘူး။ကျော်ကျော်နန္ဒတစ်ယောက်ဒီလိုစိတ်ညစ်စရာကောင်းတဲ့အတွေ့အကြုံတစ်ခုကိုဘယ်လိုပြောပြထားလဲဆိုတာဆက်လက်ဖတ်ရှုကြည့်ကြရအောင်။

ကျော်ကျော်နန္ဒဟာလတ်တလောဇာတိဖြစ်တဲ့တွံတေးမြို့ကိုရောက်ရှိနေတာဖြစ်ပြီးသတင်းမီဒီယာတွေကသတင်းရယူရေးအတွက်တွံတေးထိလိုက်လာတာဖြစ်လို့အနေကြပ်မိကြောင်းလူမှုကွန်ယက်ဖေ့ဘွတ်ခ်စာမျက်နှာကနေတစ်ဆင့်ရေးသားပြောကြားလာပါတယ်။

“ကျွန်တော့်အတွက်တော့မီဒီယာဆိုတဲ့စကားလုံးကိုမသုံးသင့်တော့ဘူးဗျာနိုင်ငံခြားကအနုပညာရှင်တွေလိုမျိုးပါပါရာဇီတွေလို့ပြောင်းခေါ်ရမယ့်ပုံစံဖြစ်နေပြီဗျာဘယ်သူမှမသိအောင်ကျွန်တော့်ဇာတိတွံတေးမြို့လေးမှာတစ်နေ့တာလှုပ်ရှားမှုလာရိုက်တာပါပါရာဇီတွေသင်းနံ့ရပြီးရောက်လာတော့လည်းဟန်ဆောင်ပြုံးနေရပြီအောင်မြင်မှုဒဏ်ကိုခံနိုင်ရည်ရှိအောင်ကြိုးစားမယ်” ဆိုပြီး ရေးသားထားပါတယ်။

ကျော်ကျော်နန္ဒဟာတွံတေးမြို့အနီးအနားတစ်ဝှိုက်မှာရှိတဲ့ဘုန်းကြီးကျောင်းတွေ၊သက်ကြီးရွယ်အိုတွေကိုအလှူဒါနပြုလုပ်ခဲ့ပါတယ်။မွေးရပ်မြေကိုချစ်ပြီးစိတ်ကောင်းစေတနာရှိတဲ့ကျော်ကျော်နန္ဒရဲ့စိတ်ဓာတ်ဟာဆိုရင်ချီးကျူးစရာပါပဲ။

Share From Global Myanmar Media