အနုပညာသတင်းများ

ဇာတ်ရုပ်ပီပြင်ဖို့ KTV ခန်းတွေထိသွားရောက်လေ့လာခဲ့တယ်ဆိုတဲ့ နန်းစန္ဒာလှထွန်း

ချစ်စရာကောင်းတဲ့ ရဝေတီဆိုတဲ့ ဇာတ်ကောင်လေးနဲ့ အနုပညာလောကမှာ နာမည်ကြီးခဲ့တဲ့ မင်းသမီးချောလေးဖြစ်တဲ့ နန်းစန္ဒာလှထွန်းက အချိန်တိုအတွင်းအောင်မြင်မှုတွေပိုင်ဆိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော လေးတစ်ယောက်လဲဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်လျက်ရှိပြီး ပရိသတ်အားပေးမှုအခိုင်အမာနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်မှာလျှောက်လှ မ်းနေတာကို မြင်တွေ့ရမှာပါ။

လတ်တလောမှာလည်း နန်းရဲ့ ၀င်္ကပါရှင်းတမ်းဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ပြသနေတာကဖြစ်ပြီး နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးဖို့ရှိတယ်လို့သိရပါတယ် ။

ဇာတ်လမ်းတွဲမှာ ပါဝင်ရမယ့် ကာရိုတာနဲ့ပတ်သက်ပြီး MRTV -4 က Stylishတွေနဲ့ အတူတူ ညှိနှိုင်းပြီး ကိုယ်နဲ့လိုက်ဖက်မယ့် ပုံစံကို ရွေးချယ်တယ်လို့လည်း နန်းက သူမရဲ့ ဇာတ်လမ်းအတွက်ပြင်ဆင် ပုံလေးတွေကို ပြောပြခဲ့ပါတယ် ။

ခု နန်း နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်ကောင်ကတော့ KTV မှာ အလုပ်လုပ်တဲ့ ကောင်မလေးရဲ့ ကာရိုက်တာ ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ KTV သွားတယ် သူငယ်ချင်းယောက်ျားလေးတွေကို ကောင်မလေးတွေ ခေါ်ခိုင်းတယ် သူတို့ရဲ့ Reaction ကဘယ်လိုရှိလဲ ဆိုတဲ့ဟာမျိုးကို လေ့လာတယ်လို့ ကာရိုက်တာအတွက် ကြိုတင်ပြင်ဆင်မှုအကြောင်းလေးတွေကိုလည်း ပရိသတ်ကို ပြောပြလာခဲ့ပါတယ် ။credit-CeleGabar

Share From Lucky Myanmar