အနုပညာသတင်းများ

မေမေဆူလို့ မျက်ရည်ပေါက်ကြီးငယ်ကျပြီး ဝမ်းနည်းနေတဲ့ ချောရတနာရဲ့ သားလေး

ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ပြီး ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောရတနာကိုတော့ မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေ အနေနဲ့ မှတ်မိကြဦးမှာပါ။ အကယ်ဒမီ ရရှိထားတဲ့အထိကို အောင်မြင်မှုတွေ ရယူထားတဲ့ မင်းသမီး ချောရတနာကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ မလုပ်တော့တာကတော့ အနည်းငယ်ကြာနေပါပြီ။ သူ့အနေနဲ့ အိမ်ထောင်ပြုပြီးနောက် မိသားစုကို အချိန်ပေးနေရတာကြောင့်လည်း အနုပညာလုပ်ငန်းတွေနဲ့ ကင်းကွာနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချောရတနာကတော့ အနုပညာလုပ်ငန်းတွေ မလုပ်ပေမယ့်လည်း သူမရဲ့ ချစ်စရာကောင်းတဲ့ မိသားစုနဲ့ သားလေး သမီးလေးတွေကိုတော့ ပရိသတ်တွေက အားပေးကြပါတယ်။ လက်ရှိမှာလည်း ချောရတနာ တယောက်သူ့သားလေး ကောင်းသုတကို ဆူနေတဲ့ အချိန်မှာ သားလေးတယောက် မျက်ရည်ပေါက်ကြီးငယ်ကျအောင် အော်ငိုနေတဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပြီး ပရိသတ်တွေကြားမှာ ပြန့်နှံနေတာ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ ချောရတနာ တယောက် သားလေးကို ဆူဖို့ပြင်တုန်း ချက်ချင်းကြီးမျက်ရည်တွေကျလာတာ ဖြစ်ပါတယ်။ ချောရတနာကတော့ “ကောင်းသုတ ကို မရိုက်ဘူးနော် ရိုက်ရင် ဘယ်လောက်တောင် ဝက်ဝက်ကွဲမလဲ စဉ်းစားကြည့်” ဆိုပြီးတော့ သူ့သားလေး တယောက် အသံပြဲကြီးနဲ့ ငိုနေတဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။ သားလေး ကောင်းသုတ ငိုနေတဲ့ပုံကတော့ ကြည့်ရသူအဖို့ လိုက်ပြီးဝမ်းနည်းရမလိုလို ရီရမလိုလို ဖြစ်နေမှာ သေချာပါတယ်။

ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက်လည်း ချောရတနာရဲ့ သားလေး ကောင်းသုတ တယောက် ဆူလိုက်တာနဲ့ ဘယ်လိုတောင် ငိုလည်းဆိုတာ သိဖို့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဗီဒီယိုလေး ကြည့်ပြီး ချောရတနာရဲ့ သားတယောက် ဘယ်လောက်ချစ်စရာကောင်းလဲဆိုတာ ပြောသွားကြပါဦး။

The post မေမေဆူလို့ မျက်ရည်ပေါက်ကြီးငယ်ကျပြီး ဝမ်းနည်းနေတဲ့ ချောရတနာရဲ့ သားလေး appeared first on Nanmalgyi.