မြင့်မြတ်နဲ့ ရုပ်ရှင်ရိုက်ချင်သေးတယ်ဆိုတဲ့ နေခြည်ဦး

Beauty Blogger တယောက်အဖြစ် ရပ်တည်နေတဲ့ နေခြည်ဦးကတော့ သူ့ရဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့အချက်လေးတွေကြောင့် ပရိသတ်တွေကြားမှာ တဖြည်းဖြည်း အောင်မြင်လာခဲ့ပြီး လက်ရှိမှာဆိုရင်တော့ မင်းသမီးတယောက်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ သူမင်းသမီးဖြစ်လာတော့လည်း အားပေးတဲ့သူတွေ ရှိကြပြီး သူ့စိတ်ထဲက ဆုံချင်တဲ့အနုပညာရှင်တွေနဲ့ ဆုံရလို့လည်း ပျော်နေတာ ဖြစ်ပါတယ်။
နေခြည်ဦးကတော့ 7 Sense Creation နဲ့ အင်တာဗျူးမှာ ဘယ်အနုပညာရှင်နဲ့ တွေ့ဆုံချင်လဲဆိုတဲ့ မေးခွန်းအပေါ်မှာတော့ “ကိုမြင့်မြတ်နဲ့တော့ နေခြည်ဆုံချင်တယ်။ ကိုမြင့်မြတ်ကိုလည်း ကြိုက်တော့လေ သူနဲ့ ရုပ်ရှင်ရိုက်ရရင် ကောင်းမှာပဲလို့ တွေးမိတယ်။ အရင်တုန်းကတော့ ကိုနေတိုးနဲ့လည်း ရိုက်ချင်တယ်။ ကိုမြင့်မြတ်နဲ့လည်း ရိုက်ချင်တယ်။ ခုက ကိုနေတိုးနဲ့ ရိုက်နေတော့ ကိုမြင့်မြတ်နဲ့လည်း ရိုက်ချင်တယ်”
အနုပညာအပေါ် ခံယူချက်နဲ့ ပတ်သက်ပြီး “ခံယူချက်ကတော့ နေခြည်က ပေါ့ပေါပါးပါးပါပဲ။ နေခြည်က တခုတော့ရှိတယ်။ လုပ်တဲ့အလုပ်ကို ဖြစ်အောင်လုပ်တယ်။ ကောင်းအောင်လုပ်တယ်။ တကယ်လို့ကိုယ်စိတ်မပါဘူးထင်ရင် နေခြည်မလုပ်ဘူး။ ရုပ်ရှင်ရိုက်ပြီဆိုရင်လည်း အခက်ခဲတွေရှိနေပေမယ့်လည်း နောက်ဆုံးမျှော်လင့်ချက်နဲ့ပဲ ရိုက်တယ်။ အဆင်မပြေတာဖြစ်ရင် ကိုယ့်ရုပ်ပဲ မလှတာလေ။ နေခြည်က Blogger တယောက်ဖြစ်တာကြောင့် မင်းသမီးပိုင်းကြီးကိုပဲ လုပ်သွားမှာ မဟုတ်ပါဘူး”
ကိုနေတိုးဆီမှာ ဘယ်လိုအချက်တွေ တွေ့ရလဲဆိုတဲ့အပေါ်မှာတော့ “ကိုနေတိုးက အရမ်းအေးတယ်။ အရမ်းကြီးကို အေးတာ။ နေခြည်တယောက်ထဲ အပေါ်မဟုတ်ဘူး။ အားလုံးအပေါ်မှာကို အေးတာ။ အစကတော့ ဒီလိုမျိုး မင်းသားတယောက်ဆိုတော့ အေးမယ်လို့ မထင်ဘူးလေ။ သူအရမ်းအေးတော့ ပိုလေးစားတယ်။ အလုပ်ကို တန်ဖိုးထားတယ်။ တခုခုဟာကွက်မရှိအောင် သူ့ဖက်က လုပ်တော့ ကိုယ်ကလည်း သူ့နောက်လိုက်ရတာ တန်ဖိုးရှိပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။
The post မြင့်မြတ်နဲ့ ရုပ်ရှင်ရိုက်ချင်သေးတယ်ဆိုတဲ့ နေခြည်ဦး appeared first on Nanmalgyi.
Recent Comments