အနုပညာသတင်းများ

မစိမ့်ထက်ရဲ့ ဝမ်းနည်းစရာ နောက်ဆုံးဈာပနမြင်ကွင်းများ

လူတစ်ယောက်ရဲ့နောက်ဆုံးအချိန်ဆိုတာ ဘယ်လိုဖြစ်ပြီး ၊ ဘယ်လိုအချိန် ဘယ်လိုအခြေနေနဲ့ရောက်လာနိုင်တယ်ဆိုတာ ကျနော်တို့ကြိုမသိနိုင်ပါဘူး။ လူတချို့အတွက်တော့ ဘဝဟာရှည်လျားလွန်းလှသလိုပဲ လူတချို့အတွက်တော့ တိုတောင်းလွန်းလှပါတယ်။ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ဆင်းရဲချမ်းသာ မရွေး အသက်အရွယ်မရွေး ရူပါအသွင်သဏ္ဍာန်မရွေးဟာနောက်ဆုံးအချိန်ကို သေချာပေါက်ရင်ဆိုင်လာရမှာပါ။ အဲ့ဒီအချိန်တွေမှာ တချို့အတွက်တော့ ရုတ်တရက်ဆိုတဲ့အချိန်လေးတစ်ခုကိုပဲ ရင်ဆိုင်ဖို့အချိန်ရခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီလို တဒင်္ဂလလေးအတွင်းမှာ နောက်ဆုံးအချိန်ကိုရင်ဆိုင်သွားရတဲ့သူတွေထဲမှာ မစိမ့်ထက်တစ်ယောက်လည်းအပါအဝင်ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဧပြီလ ၆ရက်နေ့မှာ ဖန်ဂရန်ရာဇီရေခဲတောင်တက်ခရီးမှာ မမျှော်လင့်ထားတဲ့ အဖြစ်ပျက်တစ်ခုကသူမကိုရိုက်ခတ်ခဲ့ပါတယ် ။ သူရဲ့အဖြစ်အပျက်ပေါ်မှာလည်းအွန်လိုင်းပေါ်မှာအမြင်အမျိုးမျိုးကွဲပြားပြီး သံသယတွေများစွာနဲ့ဖြစ်နေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ် ဒုဥက္ကဌ ဦးကျင်ဦးခေါင်းဆောင်ပြီး ဒုတိယအကြိမ်မြောက်ပြန်လည်ရှာဖွေခဲ့ချိန်မှာတော့သူ့ရဲ့ခန္ဓာကိုယ်ကို မေလ၂၄ရက်နေ့မှာပြန်လည်တွေ့ရှိခဲ့ပါတယ်။ ပြန်လည်ရှာဖွေခဲ့ချိန်မှာတော့ သူရဲ့ ခန္ဓာကိုယ်ကို အကောင်းအတိုင်းပြန်လည်တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီလိုတွေ့ရှိခဲ့ပေမယ့်လည်း အဖြစ်ပျက်ဖြစ်ခဲ့တဲ့အချိန်ကာလကြာမြင့်သွားတာကြောင့်တစ်ကြောင်းသယ်ယူရမယ့်ခရီးဝေးကွာလွန်းလှတာတစ်ကြောင်းဖြစ်တာကြောင့် ပူတာအိုမြို့မှာပဲ သဂြိုဟ်ဖို့ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။


မေလ ၂၉ရက်နေ့ နေ့လယ် ၁နာရီမိနစ်၃၀အချိန်မှာတော့ မစိမ့်ထက်ရဲ့ခန္ဓာကိုယ်ကို သဂြိုဟ်ခဲ့ကြတယ်လို့သိရှိရပြီး အရိုးပြာကိုတော့ ရန်ကုန်ကို သယ်ယူမယ်လို့လည်းသိရပါတယ်။ မစိမ့်ထက်တစ်ယောက် ကောင်းရာမွန်ရာဘုံဘဝမှာ ငြိမ်းချမ်းသာယာစွာအနားယူနိုင်ပါစေလို့လည်း ကျနော်တို့ပြောချင်လွန်းလို့ အဖွဲ့သားတွေကိ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

The post မစိမ့်ထက်ရဲ့ ဝမ်းနည်းစရာ နောက်ဆုံးဈာပနမြင်ကွင်းများ appeared first on Nanmalgyi.