အနုပညာသတင်းများ

မဲမပေးလို့ ခွေးကိုက်ခံရပြီမလား ဆိုတဲ့ပို့စ်ကို ဖြေရှင်းလိုက်တဲ့ ထက်ထက်ထွန်း

စည်ပင်ကိုယ်စားလှယ်လောင်း အလှမယ် ထက်ထက်ထွန်းကတော့ လက်ရှိအချိန်မှာ ရုပ်ရှင်ကားတွေ ရိုက်ကူးနေသလို ရုပ်ရှင်ရိုက်ရင်း ထိခိုက်ဒဏ်ရာရသွားတဲ့အတွက် ” အပေးအယူ” ရုပ်ရှင်ကားကြီးမှာ ဆက်လက်ပါဝင်ဖို့ လက်လျှော့လိုက်ရပါတယ်။

လတ်တလောမှာ ခွေးလေခွေလွင့် ပြသနာတွေ ဂယက်ထနေပြီး စည်ပင်သာယာနဲ့ တိချစ်သူတွေကြားမှာ အမြင်မတူမှုလေးတွေ ပြင်းထန်နေပါတယ်။ စည်ပင်ကိုယ်စားလှယ်လောင်း တစ်ယောက် ဖြစ်တဲ့ ထက်ထက်ထွန်းအနေနဲ့ ခွေးလေခွေးလွင့်တွေပေါ် အမြင်ကို ခုလို ပြောပြသွားပါတယ်။

“ပြောရရင် ဘယ်သူ့ကိုမှလည်း အပြစ်တင်လို့ မရပါဘူး။ သူတို့လည်း သက်ရှိသတ္တဝါတွေ လွတ်လပ်ခွင့်အရ ဒီမိုကရေစီဆိုပြီး အော်နေပုံအရ တွေးမယ်ဆိုရင် သူတို့လည်း သက်ရှိသတ္တဝါတွေ ဒီကမ္ဘာမြေပေါ်မှာ နေချင်တဲ့နေရာ နေခွင့်ရှိတယ်။ စာနာစိတ်အရ ကြည့်ရင်တော့ မတရားဘူး။ သက်ရှိသတ္တဝါတိုင်းပေါ်မှာ တူညီတဲ့ မေတ္တာထားသူတိုင်းက ဒီလိုမျိုး အဆိပ်ကျွေးသတ်တာမျိုးကို မကြိုက်ဘူး လို့ ထင်တယ်။” လို့ ဆိုပါတယ်။

ထက်ထက်ထွန်းကို မဲမပေးလို့ ခွေးကိုက်ခံရပြီမလား ဆိုတဲ့ပို့စ်ကို အကောင့်ပိုင်ရှင်တစ်ယောက် ရေးတင်ထားတာနဲ့ ပတ်သက်ပြီး ထက်ထက်ထွန်းက ခုလို ပြောပါတယ်။

“ဟာသရေးထားတာလေးတွေ မြင်တော့ ကိုယ့်ကို သတိရနေပါသေးလားဆိုတဲ့စိတ်နဲ့ တစ်ချက်ကလေး ဝမ်းသာမိပါတယ်။ ထက်ထက်ထွန်းကို မဲမပေးလို့ ခုတော့ ခွေးကိုက်ခံရပြီမလး ဆိုပြီး ရေးထားတဲ့ ပို့စ်လေး တွေ့တော့ ရယ်ချင်တယ်။ အမှန်တော့လည်း ထက်မှ မဟုတ်ဘူး။ ဘယ်သူပဲ ဒီနေရာ ရောက်လာရောက်လာ ကြိုးစားကြတဲ့သူတွေချည်းပဲ။ တစ်ယောက်နဲ့တစ်ယောက်ကတော့ ရည်ရွယ်ချက်ခြင်း မတူကြဘူးပေါ့။ ထက်ကတော့ ခွေးတွေကို ဘယ်လိုဖြေရှင်းမလဲ အပိုင်း ပေါ့။” လို့ ဆိုပါတယ်။

ခွေးလေခွေးလွင့်တွေကို ဖြေရှင်းချင်တဲ့ ပုံစံကိုလည်း ထက်ထက်ထွန်းက ခုလို အကြံပြု ပြောသွားပါတယ်။”ထက်ဆိုရင်တော့ စာနာစိတ်ကလေးတွေ ထည့်ပြီးတော့ နှစ်ဦးနှစ်ဖက် ကောင်းအောင် လုပ်သွားမယ်လို့ အာမခံတယ်။ သက်ရှိတိုင်း အသက်ရှင်ခွင့်ရှိတဲ့ ကမ္ဘာမြေမှာ ဦးနှောက်ရှိသူတွေက အုပ်စိုးပြီး နေရာ အရင်ဦးလိုက်တယ်။ ဦးနှောက်မရှိတဲ့ တိရစ္ဆာန်တွေကို ရက်ရက်စက်စက် မောင်းထုတ်တာမျိုး နှိပ်စက်တာမျိုး မလုပ်စေချင်ဘူး။” ဆိုပြီး ပြောပြသွားပါတယ်။

The post မဲမပေးလို့ ခွေးကိုက်ခံရပြီမလား ဆိုတဲ့ပို့စ်ကို ဖြေရှင်းလိုက်တဲ့ ထက်ထက်ထွန်း appeared first on Nanmalgyi.