အနုပညာသတင်းများ

ချစ်သူရဲ့ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်မှုအတိုင်းအတာကို ပြောပြလာတဲ့ သင်ဇာဝင့်ကျော်

ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အမြဲလိုလိုရရှိထားတဲ့ သရုပ်ဆောင် မင်းသမီးလေး သင်ဇာဝင့်ကျော်ရဲ့ အချစ်ရေးဟာလည်း ပရိသတ်တွေကြား စိတ်ဝင်စားစရာအဖြစ် ထပ်မံဖြစ်နေပြန်ပါတယ်။ သူမကို နားလည်ပေးနိုင်မယ့် ချစ်သူမျိုးကိုသာ ရှာတော့မယ့်အကြောင်းကိုလည်း မီဒီယာတွေမှာ မကြာခဏဆိုသလို ပြောကြားပြီးတဲ့နောက် သင်ဇာတစ်ယောက် သူမချစ်သူနိုင်ငံခြားသားနဲ့အတူ မောဒိုက်ကမ်းခြေရောက်ရှိနေချိန်မှာတော့ ပရိသတ်အချို့ရဲ့ စူးစမ်းရှာဖွေမှုတွေနဲ့ အတူ သူမရဲ့ Relationship တစ်ခုကို ပရိသတ်တွေဆီ ချပြလာခဲ့ရတဲ့ အခြေအနေတစ်ခုကိုရောက်ခဲ့ပါတယ်။

မကြာသေးခင်ရက်ပိုင်းကပဲ သင်ဇာ့ရဲ့ ချစ်သူဟာ မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပြီး သူမနဲ့အတူ ကျိုက်ထီးရိုးဘုရားကိုလည်း သွားရောက်ဖူးမြော်ခဲ့ပြန်ပါသေးတယ်။ သူမရဲ့ ချစ်သူဟာ ဘုရားတွေ ဖူးရတာကို ပိုမို သဘောကျကြောင်းကိုလည်း MC ရဲ့ အင်တာဗျူးမှာ ယခုလိုဖြေကြားသွားခဲ့ပါတယ်။

“အဓိကသူက သွားချင်တာ ပထမလာတုန်းက ရွှေတိဂုံဘုရားရောက်ဖူးတယ်။ ပုဂံလည်းရောက်ဖူးတယ်။ပုဂံကဘုရားတွေလည်း ဖူးဖူးတယ်။ ကျန်နေတာက ဒီကျိုက်ထီးရိုးဘုရားလေးဖူးချင်တယ် အဲ့ဒါနဲ့ သူအလုပ်အားတဲ့ရက်လေးမှာ သီးသန့်လာပြီးတော့ ဘုရားလေးလိုက်ပို့ရင်းနဲ့ သူလည်း အလည်လာတာပေါ့နော်။ မြန်မာနိုင်ငံကို သူက ပထမဆုံးရောက်ဖူးတာမဟုတ်ပါဘူး။ သူဒါနဲ့ဆို သုံးကြိမ်မြောက် ပထမဆုံးအကြိမ်က ရွှေတိဂုံဘုရားလည်း သွားတယ်။ ပုဂံလည်းသွားတယ်ပေါ့နော်။ ဒုတိယအကြိမ်တော့ ရွှေတိဂုံလောက်ပဲသူသွားတယ်။ တတိယအကြိမ်မှ ကျိုက်ထီးရိုးပါသွားလိုက်တယ်ပေါ့။”

သင်ဇာရဲ့ ချစ်သူလေးကတော့ Beach တွေထက် ဘုရားတွေပဲ လိုက်ပို့ခိုင်းတာ များတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်မှုအတိုင်းအတာ ဘယ်လောက်ရှိကြောင်းကိုပါ သင်ဇာက ပြောပြသွားခဲ့တာပါနော်။

“သူက ဒီကိုရောက်ရင် Beach သွားချင်တယ်လည်းမပြောဘူး။ ဘုရားတွေပဲ လိုက်ပို့ခိုင်းတာ။ ပြီးတော့ သူ့ညာဘက်လက်မောင်းမှာလည်း ဒီ ဗုဒ္ဓမြတ်စွာဘုရားရဲ့ မျက်နှာတော်ပုံထိုးထားတယ်ပေါ့နော်။ ဆိုတော့ သူဗုဒ္ဓဘာသာကို ကျွမ်းဝင်ယုံကြည်တဲ့ပုံမျိုးပေါ့။ သူက အစတည်းကလည်း ဒီတက်တူးကိုထိုးထားတာ ပြီးတော့ သူကိုယ်တိုင်ကလည်း ဒီလိုမိန်းကလေးမျိုးကို ကြိုက်တယ်ပေါ့နော် သူပြောပြတယ်။”

ချစ်သူနဲ့တွေ့ရင် အမြဲလိုလို နုပျိုလန်းဆန်းသွားတတ်ကြတာတော့ သဘာဝပါပဲ။ သင်ဇာကလည်း သူမချစ်တဲ့ ချစ်သူနဲ့တွေ့လိုက်ချိန်တိုင်းမှာ သူမကိုယ်သူမ ကလေးတစ်ယောက်လို ခံစားသွားရတယ်လို့ဆိုပြန်ပါသေးတယ်။ အစစအရာရာ အမြဲဦးဆောင်နေတတ်တဲ့ သူမရဲ့ ချစ်သူကြောင့် သင်ဇာတစ်ယောက် ဘယ်လောက်တောင် သံယောဇဉ်တွေ ပိုမိပြန်ပြီလဲဆိုတာတော့ ပရိသတ်ကြီးသိလောက်မှာပါနော်။

ပျော်ရွှင်စရာကောင်းတဲ့အချစ်ရေးလေးကို သင်ဇာတစ်ယောက်ပိုင်ဆိုင်မှုရရှိပါစေနော်။We Love Cele

Photos-Thin Zar Wint Kyaw

Leave a Reply

Your email address will not be published. Required fields are marked *