မိသားစုက Birthday Surprise လုပ်ပေးမှုကြောင့်ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ အူဝဲရဲ့ Video လေး

အူဝဲလို့ပရိတ်သတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ မြန်မာနိုင်ငံတွင် ထိပ်တန်းမင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ ကျရာဇာတ်ကိုပီပြင်ကျွမ်းကျင်စွာ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့်လည်း ရုပ်ရှင်ထူးချွန်ဆုများလည်း ဆွတ်ခူးရရှိထားသူ စွယ်စုံရမင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနေ့လေးဟာတော့ ပရိသတ်တွေရဲ့အချစ်တော်မင်းသမီးလေး အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ အသက် ၄၂နှစ်မြောက်မွေးနေ့လေးမှာ သူမရဲ့ပရိသတ်များက ရန်ကုန်ဆေးရုံကြီးမှာ မွေးနေ့အလှူလေးပြုလုပ်ပေးခဲ့တာပါ။ ဒါ့အပြင် ဒီနေ့ညနေလေးမှာလည်း အူဝဲဟာ ပရိသတ်များနဲ့အတူ ဆီမီးတစ်ထောင်၊ပန်းတစ်ထောင်၊ ရေချမ်းတစ်ထောင်ကပ်လှူပူဇော်မှာပဲ ဖြစ်ပါတယ်။ မနေ့ည ၁၂ နာရီမှာလည်း သူမကိုချစ်ခင်တဲ့မိသားစုများက Birthday surprise လုပ်ပေးခဲ့တာပါ။ အူဝဲဟာ မိသားစုရဲ့အမှတ်မထင် surprise လုပ်ပေးမှုကြောင့် ကြည်နူးပီတိဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အူဝဲရဲ့မွေးနေ့ဗီဒီယိုလေးကို ကြည့်ရှုအားပေးကြပါဦးနော်။ Video ကြည့်ရန် Source- crystal.hht Share From swelsonenews

ကျနော်ကတော့ကျနော့်ဟာကျနော်ဒီမိုကရေစီရနေပြီလို့ပြောတဲ့ ကျော်ကျော်နန္ဒ

ပြီးခဲ့တဲ့သင်္ကြန်မတိုင်ခင်ကာလတုန်းက ဝတ်စားဆင်ယင်မှုတစ်ခုနဲ့ပတ်သက်ပြီးပွဲဖြစ်တုန်းက ကျနော်ပရိသတ်ကို စိတ်မပျက်စေရပါဘူးဆိုတဲ့ကျော်ကျော်နန္ဒတစ်ယောက်ကတော့ နှစ်ကူးကာလအစမှာပဲ အကြမ်းစား အလန်းစား Music Video တစ်ခုကို သူ့မွေးနေ့အကြိုဆိုပြီးFacebookပေါ်မှာတင်လိုက်ပြန်ပါတယ်။ သူအဲ့ဒီလိုတင်လိုက်ပြီးတော့နောက်မှာလည်း သူရဲ့Music Video လေးကလည်းပေါက်သွားခဲ့ပါတယ်။သူရဲ့လတ်တလောပြောပြသွားတဲ့အကြောင်းအရာတွေကိုPann Pwint Media နဲ့အင်တာဗျူးတစ်ခုမှာပြောပြထားပါတယ်။ သူပြောပြသွားတဲ့အကြောင်းအရာတွေကို ပြောချင်လွန်းလို့မိတ်ဆွေတွေသိအောင်ပြောပြပေးလိုက်ပါတယ်။ “အခုကတော့ အင်းစိန်မြို့နယ်ထဲက ဆိုင်လေးတစ်ဆိုင်မှာ ကျနော့်တေးရေးနေဝင်းမြင့်နဲ့လာပြီးတော့ သီချင်းတွေတီးနေတယ်။ ကျနော့်Third Series အတွက်ပေါ့နော် တကယ်Officialပရိသတ်ကိုချပြမှာ သုံးခွေမြောက်ခွေပေါ့ အဲ့ဒီအတွက်ကိုလာလုပ်နေတာ ။”ဆိုပြီးသူရဲ့လတ်တလောလှုပ်ရှားမှုကိုပြောပြသွားခဲ့ပြီး သူရဲ့Music Video အသစ်အကြောင်းကိုလည်း “ အဲ့ဒီသီချင်းကို ကျနော်စီစဉ်နေတာကြာပါပြီ ။ ဒါပေမယ့် ပရိသတ်ရှေ့ကိုမချပြရသေးတာပါ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင်ဒါကိုချပြမယ်ဆိုပြီး အခုက တစ်နေ့နေ့တစ်ချိန်ချိန်ရောက်လာတယ်ပဲပြောရမှာပေါ့နော် ချပြလိုက်တဲ့အပေါ်မှာ သီချင်းစာသားလေးကတော့ တကယ့်ဖြူဖြူစင်စင်နဲ့ဖြူစင်သောအချစ်ပါ. ။ ကိုယ့်နဲ့အတူတူတကယ်ချစ်ခင်ရတဲ့သူတွေနဲ့ခရီးသွားရတဲ့သီချင်း ကယားပြည်ရှမ်းပြည်တဆက်တည်းသွားရတယ်ပေါ့နော်။ အဲ့ဒီအကြောင်းရာလေးကိုရေးထားတာ ဒါပေမယ့်MTVမှာကနည်းနည်းကြမ်းသွားတယ်။ အပြင်မှာတော့အဲ့ဒီလိုမဟုတ်ဘူးပေါ့ သီချင်းစာသားအရဖြူဖြူစင်စင်နဲ့ချစ်တာပါ။ MTVမှာတော့ […]

မွန်မြတ်လှတဲ့ မွေးနေ့ကုသိုလ်အလှူလေးကို ပြုလုပ်ခဲ့တဲ့ အိန္ဒြာကျော်ဇင်

ဧပြီလ ၂၄ ရက်နေ့ကတော့ သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူမပြုခဲ့တဲ့ ကုသိုလ်အလှူလေးကိုလည်း ပရိသတ်တွေဆီ မျှဝေပေးခဲ့ပါသေးတယ်။ အိန္ဒြာကျော်ဇင်ဟာ ဧပြီလ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့ မနက်စောစောမှာ ပီတိဖြစ်စရာကောင်းတဲ့ အလှူလေးတစ်ခု လုပ်ခဲ့တာကို တွေ့ရပါတယ်။ ‘’ဒီနေ့ မနက်က အိမ်ရှေ့မှာ တန်းဆွမ်းကြွတဲ့ ဘုန်းဘုန်းတွေကို ဆွမ်းကပ်လှူခဲ့ပါတယ်။ မွေးနေ့ အမှတ်တရ အဖြစ် ပုံလေးတွေကို ချစ်တဲ့ပရိသတ်အတွက်တင်ပေးလိုက်ပါတယ်နော်’’ ဆိုပြီးတော့ ဧပြီလ ၂၄ ရက်နေ့ မနက် ၉ နာရီ ၅၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံလေးတွေလည်း တင်ခဲ့ပါသေးတယ်။ အိန္ဒြာကျော်ဇင်က နောက်ထပ် မွေးနေ့အလှူအဖြစ် ည ၇ […]

ချစ်သူနဲ့အတူ မောဒိုက်ကမ်းခြေမှာ သာယာနေတဲ့ ဗီဒီယိုလေး တင်ပြီး ရိုပြလိုက်တဲ့ သင်ဇာဝင့်ကျော်တို့စုံတွဲ

ဆက်စီမင်းသမီးအဖြစ် သူမကိုယ်သူမ ခံယူထားသူ သင်ဇာဝင့်ကျော် ကတော့ လက်ရှိမှာ မောဒိုက်ကမ်းခြေကို ရောက်ရှိနေတာဖြစ်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်လှပမှုနဲ့အတူ ဆက်စီကျတဲ့ ဝတ်စားဆင်ယင်မှုတွေက သူမအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်စေခဲ့ပါတယ်။ သင်ဇာဝင့်ကျော်ဟာ ၂၀၁၈ ခုနှစ်တစ်ခုနှစ်လုံးကိုလည်း သူမရဲ့ ဖက်ရှင်အချို့နဲ့ ပရိသတ်တွေစိတ်ဝင်စားအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း သူမကို ပွဲတက်ဖိတ်ကြားသူတွေများစွာရှိခဲ့ပြီး သူမရဲ့ဖက်ရှင်တွေကို စိတ်ဝင်တစားဖြစ်ခဲ့ကြရတဲ့အနေအထားရောက်ခဲ့တာပါ။ သင်ဇာဝင့်ကျော်ရဲ့ဖက်ရှင်နဲ့ပတ်သက်ပြီး လက်ခံသူပရိသတ်များရှိသလို လက်မခံနိုင်တဲ့ ပရိသတ်တွေလည်း ရှိနေခဲ့ပါတယ်။ သူမရဲ့ဖက်ရှင်အချို့ကြောင့်လည်း လက်တွဲလာခဲ့တဲ့ ချစ်သူနဲ့ လမ်းခွဲမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ မီဒီယာအင်တာဗျူးတွေမှာဖြေဆိုထားခဲ့ဖူးပါတယ်။ သင်ဇာဝင့်ကျော်ဟာ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ သူမကိုအပြည့်အဝ နားလည်ပေးနိုင်သူတွေကိုသာ စဉ်းစားမှာဖြစ်တယ်လို့ ပြောထားဖူးတာလည်းဖြစ်ပါတယ်။ ပရိသတ်တွေက Single လို့ထင်မှတ်ထားတဲ့ သင်ဇာတစ်ယောက် ယနေ့မှာတော့ စိတ်ဝင်စားသူ ပရိသတ်အချို့ရဲ့ ဖော်ထုတ်မှုကြောင့် သူမရဲ့ ချစ်သူကို သိရှိခဲ့ကြတာဖြစ်ပါတယ်။ သင်ဇာလေးကတော့ သူမရဲ့ ချစ်သူနဲ့အတူ မောဒိုက်ကမ်းခြေကိုရောက်ရှိနေခဲ့တာဖြစ်ပြီးတော့ ဒီမတိုင်ခင်မှာလည်း မလေးရှားမှာ ချစ်သူနဲ့အတူ […]

သာသနာ့ဘောင်သို့ဝင်ရောက်ရန် ချစ်သူ အောင်လနဲ့အတူ တစ်ရက်တည်းမှာ ဆံချခဲ့တဲ့ ဝိုင်းစုခိုင်သိန်း

အဆိုလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့ကြတဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းဟာ လူငယ်ပရိသတ်တွေအများအပြားရဲ့အားပေးမှုကို ရရှိထားတာဖြစ်ပါတယ်။ အဆိုတော် ဝိုင်းဆုခိုင်သိန်းဟာ ဂီတလောကမှာ ပရိသတ်အားပေးမှုအမြင့်ဆုံးထိ ရောက်ရှိခဲ့တဲ့ အဆိုရှင်တစ်ဦးဖြစ်ခဲ့တဲ့အပြင် ဆုပေါင်းများစွာလည်းရရှိထားခဲ့တာဖြစ်ပါတယ်။ ယောက်ကျားလေး လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း တခဲနက်ရရှိထားခဲ့ပြန်တဲ့ အဆိုရှင်အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ရဲ့ ချစ်သူသက်တမ်းလေးကတော့ အတော်လေးကြာမြင့်ခဲ့ပါပြီ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်အဝနဲ့အတူ ပျော်ရွှင်ဖွယ်ကောင်းတဲ့အချစ်ခရီးလမ်းလေးကိုလည်း အတူတကွ လျှောက်လှမ်းနေခဲ့ကြတာပါ။ နှစ်ဦးလုံး ဝါသနာပါရာ အနုပညာလောကမှာ လျှောက်လှမ်းနေကြပြီးတော့ ရှိုးပွဲတွေမှာလည်း အတူတူသီဆိုဖျော်ဖြေမှုတွေနဲ့တွေ့ရလေ့ရှိပါတယ်။ ဒီနေ့မှာတော့ သရုပ်ဆောင်နဲ့အဆိုတော် ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းဟာ ဆံချခဲ့တာဖြစ်ပြီးတော့ ချစ်သူ အောင်လတစ်ယောက်လည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။ ခုလိုမျိုး ချစ်သူ (၂) ယောက် အတူတူ ဆံချခဲ့တဲ့ပုံရိပ်လေးတွေကို ဝိုင်းစုခိုင်သိန်းက သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြထားတာဖြစ်ပါတယ်။ လူမှုရေး၊ စီးပွားရေးတွင်သာမကဘဲ ဘာသာရေးမှာလည်း နှစ်ဦးသား စိတ်တူ၊ ကိုယ်တူနဲ့ဆောင်ရွက်နေကြပုံလေးတွေကိုကြည့်ပြီး ပရိသတ်တွေကလည်း သာဓုခေါ်ဆိုပေးနေကြတာတွေ့ရပါတယ်။ ကုသိုလ်ရေးမှာ ပါရမီဖြည့်ဘက်တွေအဖြစ်ရှိနေကြတဲ့ သူတို့ ချစ်သူ (၂) ဦးရဲ့ ဆံချပုံရိပ်လေးတွေကို […]

ကိုရီးယားရဲ့လမ်းမထက်မှာ ကွေးနေအောင် ကခဲ့ကြတဲ့ ခေတ်နဲ့သစ်

အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ​​မေ​မေချစ်​သု​ဝေက သမီးလေး ​ခေတ်​​လေးနဲ့ သစ်​​လေးတိုနဲ့အတူ ကိုရီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ခရီးထွက်နေရရင်ကို ပျော်နေတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ကတော့ ကိုရီးယားက လမ်းမထက်မှာ အားရပါးရကခုန်နေကြတာ တွေ့ရပါတယ်။ ကကွက်ဆန်းတွေနဲ့ ပျော်ပျော်ကြီးကနေတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ဗီဒီယိုလေးကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။ ချစ်ပရိသတ်တွေအတွက် ကိုရီးယားလမ်းမပေါ်မှာ အားရပါးရကခုန်နေကြတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ဗီဒီယိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ခေတ်လေးနဲ့ သစ်လေးတို့ကတော့ မိဘနှစ်ပါးရဲ့အနုပညာသွေး အပြည့်ပါတာမို့ သီချင်းသံကြားတာနဲ့ကို ပျော်ရွှင်ခုန်ပေါက်နေကြတာပါနော်။ ကကွက်ဆန်းတွေနဲ့ ကနေကြတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ဗီဒီယို တစ်ခါမှ မမြင်ဖူးတဲ့ ကကွက်တွေနဲ့ ကနေတဲ့ သစ်လေးရဲ့ဗီဒီယို အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ […]

မွေးနေ့အမှတ်တရအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ ဖြူဖြူကျော်သိန်း

ဒီနေ့လေးကတော့ အဆိုတော်မလေး ဖြူဖြူကျော်သိန်းရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ဒေါက်တာမလေး ဖြူဖြူကျော်သိန်းကတော့ ယနေ့ကျရောက်လာတဲ့ မွေးနေ့လေးမှာ အမှတ်တရအလှူအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အသံသြဇာအားကောင်းကောင်းနဲ့ ပရိသတ်တွေကို ရင်ထဲထိရှစေနိုင်တဲ့ သီချင်းသစ်လေးတွေဖန်တီးလေ့ရှိတာကြောင့် ယနေ့အချိန်ထိ အောင်မြင်မှုတွေရရှိနေဆဲဖြစ်တဲ့ ဝါရင့်အဆိုတော်ကြီးတစ်ဦးပါ။ သူမရဲ့ အသဲကွဲသီချင်းအတော်များများကတော့ ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။ သီချင်းကောင်းတွေနဲ့အတူ ပရိသတ်ရှေ့ကိုအမြဲရောက်လာသလို စိတ်ထားလေးလည်းဖြူစင်ပွင့်လင်းလွန်းလှတဲ့ အဆိုတော်ဖြူဖြူကျော်သိန်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ၄ ခုမြောက်ရေရှည်စီမံကိန်းဖြစ်လာမယ့် လရောင်တာစိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းအတွက် ဆက်စပ်အဆောက်ဦတွေ ဆောက်လုပ်လှူဒါန်းဖို့ ငွေကျပ် သိန်း တစ်ရာ တိတိကို ပါဝင်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ “Dr. ဖြူဖြူကျော်သိန်း က မွေးနေ့အမှတ်တရအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ၄ ခုမြောက်ရေရှည်စီမံကိန်းဖြစ်လာမည့် လရောင်တောစိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းနှင့် ဆက်စပ်အဆောက်အဦများဆောက်လုပ်ရန်အတွက် အလှူငွေကျပ် သိန်းတစ်ရာကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးခန်းသို့ (၂၂.၄.၂၀၁၉) ရက်နေ့တွင် လာရောက်လှူဒါန်းပေးခဲ့ပါသည်။” လို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ပေ့ခ်ျမှာဖော်ပြထားခဲ့ပါတယ်။ ယခုလိုမျိုးလိုအပ်တဲ့နေရာတွေမှာ လှူဒါန်းခဲ့တဲ့ ဖြူဖြူကျော်သိန်းတစ်ယောက်မွေးနေ့ကစပြီး နောက်နှစ်ပေါင်းများစွာတိုင် […]

Hello world!

Welcome to WordPress. This is your first post. Edit or delete it, then start writing!