ခေးနဲ့ပုံတွေကို troll ကြတဲ့ အပေါ် ဖြေရှင်းလိုက်တဲ့ နေခြည်ဦး

မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ Beauty Bloggerတစ်ယောက်ဖြစ်တဲ့အပြင် အခုနောက်ပိုင်းမှာ ရုပ်ရှင်ကားတွေရော ရိုက်လာပြီး ပရိသတ်အားပေးချစ်ခင်မှုကို ပိုင်ဆိုင်ထားတဲ့ နေခြည်ဦး ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ယွန်းဝတီလွင်မိုးနဲ့ အတူတူ ပွဲတက်ခဲ့ပြီး ယွန်းဝတီလွင်မိုးက အရမ်းချောတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲကနေ ထွက် လာခဲ့တဲ့ ပုံတွေကို Troll နေကြတာနဲ့ ပတ်သက်ပြီးတော့လည်း နေခြည်ဦးက Sunday နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ နေခြည်ဦးက “ခေးနဲ့ ပွဲတက်တုန်းက ပုံလေးတွေလား ညီမတို့ နှစ်ယောက်က အပြင်မှာဘယ်လိုရုပ်လဲဆိုတာကို ပရိသတ်သိပါတယ်။ တစ်ခါတစ်လေကျတော့လည်း Camera lighting အယူအဆမှာ မှားတာပေါ့နော် ကိုယ့်ဘာသာကိုယ် အိမ်မှာရိုက်တဲ့ပုံနဲ့ အပြင်မှာ သေချာ Lighting ချိန်ပြီး ရိုက်တဲ့ပုံကတော့ ဘယ်တူပါ့မလဲ။ Camera အယူအဆ […]

တရားဥပဒေဘောင်အတွင်းမှ အတတ်နိုင်ဆုံး ရွက်လွှင့်သွားတော့မယ့် လင်းလင်း

ပြည်သူတစ်ရပ်လုံးရဲ့ခံပြင်းဒေါသတွေထွက်ခဲ့ရတဲ့နေ့၊ တရားဥပဒေဟာ မမျှတဘူးလို့ ပြည်သူတွေ တွေးမိတဲ့နေ့ ဟာ ဒီနေ့အပါအဝင်ပါပဲ။ သက်ငယ်မုဒိန်းမှုတွေ များစွာဖြစ်ပွားလာခဲ့တဲ့နောက် မဖြစ်ချင်တာတွေရဲ့ နောက်ကွယ်မှာ တရားဥပဒေကိုသာ အားကိုးအားထားပြုပြီး အမှန်တရားကို စောင့်မျှော်နေကြသူတွေဟာ ပြည်သူတွေပါ။ နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိန်းမှုဟာလည်း မိဘတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက်စေခဲ့ပြီး တရားဥပဒေမှန်ကန်ဖို့ကို စိုးထိတ်စွာနဲ့ မျှော်လင့်ခဲ့ကြရတဲ့ အမှုလည်းဖြစ်ပါတယ်။ အမှုဖြစ်ပွားပြီး (၂) လနီးပါးကြာမြင့်တဲ့အချိန်မှာတော့ တရားခံဟာ ကျောင်းကြီးကြပ်ရေးမှူးရဲ့ ယာဉ်မောင်းဖြစ်တယ်လို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ သံသယနဲ့စွပ်စွဲခံနေရသူများစွာရှိတဲ့အထဲမှာမှ ယာဉ်မောင်းကို သက်သေမခိုင်လုံတာကြောင့် ပြန်လည်လွှတ်ပေးခဲ့ပေမယ့် ရက်ပိုင်းအတွင်းမှာပဲ တရားခံဖြစ်တယ်လို့ တရားရုံးသို့စွဲချက်တင်လိုက်တာဖြစ်ပါတယ်။ ဒီအမှုကို ကူညီရပ်တည်နေကြသူတွေထဲမှာ အဆိုတော်လင်းလင်းတို့ ဇနီးမောင်နှံလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ တရားခံဟာ ယာဉ်မောင်းဖြစ်တယ်လို့ အတည်ပြုပြီးနောက်မှာတော့ ပြည်သူတွေရဲ့ မကျေနပ်ချက်တွေကို လူမှုကွန်ယက်ပေါ်မှာ အများအပြားတွေ့မြင်ခဲ့ကြရတာဖြစ်ပါတယ်။ အဆိုတော်လင်းလင်းကလည်း ဗစ်တိုးရီးယားအမှုလေးနဲ့ပတ်သက်ပြီး နိုင်တဲ့ဝန်နဲ့ ပြီးဆုံးတဲ့အထိ ရွက်လွှင့်သွားမယ့်အကြောင်းကို သူ့ရဲ့အကောင့်ကနေ အခုလိုပြောလာပါတယ်။ “နေ့လည်ကတည်းက နေပြည်တော်ကိုရောက်ပါတယ်။ သေချာတာကိုပြောရမယ်ဆိုရင်,,ဗစ်တိုးရီးယားလေးရဲ့အမှုကို ကိုသက္က၊ သမီးလေးရဲ့ မေမေဖေဖေ၊ […]

ကျောက်ကပ်အစားထိုးချင်လို့ ရသမျှ အလှူငွေတွေစုထားပေမယ့် အလိမ်ခံလိုက်ရတဲ့ ကစ်ကစ်

ဟာသသရုပ်ဆောင် ကစ်ကစ်တစ်ယောက်ဟာ ယခုနှစ်ပိုင်းတွေမှာ ကျန်းမာရေးမကောင်းမွန်တာကြောင့် ဆေးကုသမှုတွေခံယူနေရတာဖြစ်ပါတယ်။ အမေတစ်ခု သမီးတစ်ခုသာရှိတဲ့ဘဝမှာ သရုပ်ဆောင် ကစ်ကစ်အတွက် ပရိသတ်တွေကလည်း စေတနာ၊ သဒ္ဒါတရားနဲ့အတူ ဆေးကုနိုင်ဖို့ လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။ ကစ်ကစ်ကတော့ သူမကို ဆေးကုဖို့အတွက် လှူဒါန်းထားတဲ့ ငွေတွေကို လိမ်သွားခဲ့လို့ စိတ်မကောင်းဖြစ်လျက်ရှိနေပါတယ်။ ဟာသသရုပ်ဆောင်ကစ်ကစ်ဟာ ကျန်းမာရေးချို့တဲ့လို့ ဆေးရုံတက် ကုသမှုတွေ ခံယူနေစဉ်တည်းက သရုပ်ဆောင် ခင်သဇင်က အနီးကပ်ပြုစုမှုတွေပေးခဲ့တာတွေ့ရပါတယ်။ သရုပ်ဆောင် ကစ်ကစ်ရဲ့ ဆေးဖိုးဝါးခ ငွေတွေကို လိမ်လည်သွားတဲ့သူတစ်ဦးကို ခင်သဇင်ကတော့ ယခုလိုပဲ တောင်းပန်ပြီးတော့ မေတ္တာရပ်ခံထားတာတွေ့ရပါတယ်။ “လူတွေလည်း ကြောက်ဖို့ကောင်းလိုက်တာ လူမမာ ဆီက အလှူငွေတွေကို လိမ်ပြန်ပြီ မလုပ်သင့်တာကို လုပ်ကြတယ် လူမမာက သူတို့ အားကိုးပြီး ငွေလည်း သူတို့ဆီ အပ်ထားပါတယ် ကိုယ့်အလှူငွေလေးတွေကို ကိုယ်ပြန်တောင်းနေရတာ အကြွေးတောင်းသလို ပြန်တောင်းနေရတာ တစ်နှစ်ပြည့်တော့မယ်တဲ့ သူဒီိကိစ္စ ပြောပြောနေတာ ကြာပြီ ကိုယ်လည်း တနေ့ပြန်ရနိုးနဲ့ သူ့ကိုပဲ နှစ်သိမ့် လာခဲ့တာ အခုတော့ ကြားထဲက […]

ဝတ်မှုန်ရွှေရည်ကို တကယ် အရမ်းချစ်တာလို့ဝန်ခံလိုက်တဲ့ ဒေါင်း

ဝတ်မှုန်ရွှေရည်နဲ့ ဒေါင်းနဲ့ဟာဆိုရင်ပြီးခဲ့တဲ့ လိပ်ပြာစံအိမ်ရုပ်ရှင်မှာကတည်းက ပရိသတ်တွေချစ်ခင်အားပေးမှုခံရတဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ပြီး ကစ်နဲ့ဒေါင်းနဲ့ကိုပရိသတ်တွေက အုံးအုံးကြွက်ကြွက်ဆူဆူညံညံနဲ့ကိုတစ်နိုင်ငံလုံးက သဘောတူခဲ့ကြတာပါ။ Press Show တွေ ပွဲတက်တွေမှာ ကစ်နဲ့အတူတူထိုင်ရတိုင်း ဒေါင်းက ကစ်ကို ကမ္ဘာပေါ်မှာတန်ဖိုးအကြီးဆုံးရတနာတစ်ပါးလို တယုတယအမြတ်တနိုးငေးမောကြည့်နေခဲ့တဲ့ အကြည့်တွေကိုလည်း ပရိသတ်တော်တော်များများမှတ်မိကြဦးမှာပါ။ ဒေါင်းက အခုလည်းပဲ မကြာသေးမီက MRTV – 4 အနုပညာမိုးကောင်းကင်အစီအစဉ်မှာ ကစ်ကိုတကယ်ချစ်တာဆိုတဲ့အကြောင်းရင်ဖွင့်လာခဲ့ပါတယ်။ ဒေါင်းက ဒဏ္ဍာရီမိုးဇာတ်လမ်းထဲမှာ သရုပ်ဆောင်ရတဲ့ ကာရိုက်တာနဲ့ပတ်သက်ပြီး “ကိုမိုးနီလွင်နဲ့ ကာရိုက်တာဖွဲ့စည်းထားပုံပေါ့။ နောက်တစ်ခုကတော့ ကိုဝင်းလွင်ထက်တို့ ကိုသြရသတို့ရဲ့ ဂိုက်လိုင်းပေးမှုအပေါ်မှာပဲ ကျွန်တော်တစ်ဆင့်ခံစားချက်ကို ထပ်ထည့်ပြီးတော့ လုပ်တာပေါ့လေ။ ဒေါသကိုဘယ်အချိန်မှာထိန်းမယ် ဘယ်အချိန်မှာထုတ်မယ်။ အဲကိစ္စတွေ သူ့ရဲ့ခံစားချက်တွေ သူ့ရဲ့နောက်ကွယ်က ခံစားချက်တွေ၊တစ်ယောက်ချင်းစီရဲ့ ခံစားချက်တွေ Art Director ရော Director ရော နှစ်ယောက်လုံးက သိထားပြီးသား အဲဒီအပေါ်မှာပဲ […]

စုဖုရားလတ်နေရာကနေ သရုပ်ဆောင်မယ့် ဝတ်မှုန်ရွှေရည်

လက်ရှိ မြန်မာ့ သရုပ်ဆောင်မင်းသမီးတွေထဲမှာ ပရိသတ်ဝန်းရံမှု အများဆုံးထဲက တစ်ယောက် အပါအဝင်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည် ကတော့ ပြီးခဲ့တဲ့ လ ကုန်ပိုင်းတုန်းက ကိုရီးယားနိုင်ငံ မှာသွားရောက်ပြီး Asia Special Award ကိုလည်း ပေးအပ်ချီးမြှင့်ခြင်းကို ခံထားရတဲ့သူတစ်ယောက် လည်းဖြစ်ပါတယ်။ အခုမြန်မာရာဇဝင် ဇာတ်လမ်းတစ်ခုမှာ လည်းပါဝင်သရုပ်ဆောင်တော့မယ်လို့ ကြားသိထားရပါတယ်။ မြန်မာ့ရာဇဝင်ထဲက မြန်မာတွေမတွက် ယူကျုံးမရအဖြစ်ရဆုံး ကာလတစ်ခုလို့ ပြောလို့ရတဲ့ ကိုယ့်ထီးနန်းကို သူတပါးလက်ထဲ ရောက်အောင် တွန်းပို့ခဲ့သူ သမိုင်းတရားခံရယ် လို့ လူတချို့ပြစ်တင်ပြောဆိုခဲ့ကြတဲ့ စုဖုရားလတ် နေရာကနေ သရုပ်ဆောင်မယ်လို့လည်း သိရပါတယ်။ စုဖုရားလတ် ရဲ့ဇာတ်ရုပ်ကတော့ ပီပြင်အောင်သရုပ်ဆောင်နိုင်ရင် တော်တော် လူမုန်းများမယ့် ကာရိုက်တာတစ်ခုပါ ။ အခု ပြောချင်လွန်းလို့ ပရိသတ်တွေကို တင်ဆက်ပေးချင်တဲ့ အကြောင်းလေးကတော့ ဝတ်မှုန်ရွှေရည် နဲ့ […]

အိမ်ထဲနေရင်း လူ့ခန္ဓာကိုယ်အရေပြားကို ယားယံစေနိုင်တဲ့ အကြောင်းရင်းများ

တစ်ခါတစ်လေ အိမ်ထဲမှာနေရင်းနဲ့ ရုတ်တရက်နှာခေါင်းယားလာပြီး မရပ်မနားနှာချေတာမျိုးတွေ ကြုံဖူးမှာပါ။ အပြင်ထွက်တာလည်း မဟုတ်၊ အိမ်ထဲနေတာတောင် ဘာကြောင့်များ အရေပြားယားတာ၊ နှာခေါင်းထဲ ယားကျိကျိဖြစ်နေရတာလည်းဆိုတာ စိတ်ဝင်စားစရာပါပဲ။ တကယ်လို့များ စာဖတ်သူက အခုလို မကြာမကြာဖြစ်တတ်တယ်ဆိုရင်တော့ အိမ်ထဲမှာ ဒီလိုပစ္စည်းတွေရှိသလားဆိုတာ စစ်ဆေးကြည့်သင့်ပါတယ်။ အထပ်သားတွေနဲ့ ကြိတ်သားပရိဘောဂများ Pexels/ Pixabay ပရိဘောဂအသစ်တွေ ၀ယ်တဲ့အခါ အနံ့စူးစူးတစ်ခုကို ရလေ့ရှိပါတယ်။ ဒီအနံ့ဟာ VOCs နဲ့ ဖော်မာဒီဟိုက်ဒ်တွေက လေထဲကို ထုတ်လွှတ်တဲ့ရနံ့တွေပဲ ဖြစ်ပါတယ်။ တကယ်တမ်းတော့ သစ်သားအမျှင်အစအနတွေ၊ ကြိတ်ခွဲပြီး ပြုပြင်ထားတဲ့ ပရိဘောဂတွေထက်စာရင် သဘာဝသစ်ပရိဘောဂတွေက ပိုကောင်းတယ်ဆိုပေမယ့် အဖိုးကြီးမြင့်တဲ့အတွက် တော်ရုံမ၀ယ်နိုင်ကြပါဘူး။ ဒါကြောင့် အထပ်သားကြိတ်သားပရိဘောဂအသစ်တွေကို ၀ယ်ယူပြီးတဲ့အခါ သူတို့ဆီက ထွက်လာတဲ့ အခိုးတွေကို မရှူရှိုက်မိရအောင် လေ၀င်လေထွက်ကောင်းတဲ့နေရာမှာ ထားပေးဖို့ လိုအပ်လှပါတယ်။ အိမ်စိုက်ပန်းပင်များ […]

မီတာခက တက်သင့်တယ်လို့ ထောက်ခံလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်

မြန်မာ – အမေရိကန် ပူးပေါင်းရိုက်ကူးတဲ့ မေတ္တာ ရုပ်ရုင်ကားကိုတော့ မြန်မာနိုင်ငံမှာ စတင်ရိုက်ကူးနေပြီး လူမင်း ၊ ထွန်းအိန္ဒြာဗိုလ် တို့က အဓိက ပါဝင်သရုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ မေတ္တာတရားကို အဓိက ပုံဖော်ထားပြီး ဇာတ်လမ်းရဲ့ (၈၀) ရာခိုင်နှုန်းလောက်ကတော့ ဆန်ဖရန်စစ္စကိုမှာ ရိုက်ကူးပြီးစီးခဲ့ပြီလို့ သိရပါတယ်။ မေတ္တာနဲ့ ပတ်သက်လို့ ခံယူချက် နဲ့ လတ်တလော မြန်မာနိုင်ငံ အရေးကိုတော့ ထွန်းအိန္ဒြာဗိုလ်က ခုလို ပြောပြသွားပါတယ်။ “တကယ်တမ်းတော့ မေတ္တာရဲ့ အဓိပ္ပာယ်က အကျိုးကို လိုလားခြင်းလို့ ဆရာတော်တွေ ဟောတာကို နာကြားဖူးပါတယ်။ ကိုယ်မေတ္တာထားတဲ့သူကို သူ့ရဲ့ ကောင်းကျိုး လိုလားတာက မေတ္တာစိတ်ပေါ့။ ဒါပေမဲ့ ဘာနဲ့ မှားတတ်လဲဆိုတော့ ၁၅၀၀ မေတ္တာနဲ့ မှားတတ်ပါတယ်။” […]

ရည်းစားထားရင် ပါးချည်းပဲ ရိုက်ခံရမှာဆိုတဲ့ ပိုင်တံခွန်

နှုတ်ခမ်းနီမလေးတွေကြား ရေပန်းစားနေတဲ့ မော်ဒယ်နဲ့ ကြော်ငြာသရုပ်ဆောင် ပိုင်တံခွန် ကတော့အခုနောက်ပိုင်း နာမည်ရနေတဲ့ သူတစ်ယောက်ဆိုတာ ပရိတ်သတ်ကြီးလဲသိကျမှာပါ။ အခုလက်ရှိသူရဲ့ အချစ်ရေးနဲ့ပက်သက်ပြီး သူပရိတ်သတ်တွေလဲ အရမ်းကိုသိချင်နေမှာပါ သူဘယ်လို့ ချစ်သူကောင်မလေးမျိုးကို ချစ်သူအဖြစ် ထားမလဲဆိုတာနဲ့ သူဘယ်လိုတွေ ကြုံတွေ့ခဲ့ရလည်းဆိုတာကို ပြောကြားသွား ခဲ့ပါတယ်။ ပိုင်တံခွန်ကတော့ Pann Pwint နဲ့ အင်တာဗျူးမှာတော့ လက်ရှိအချစ်ရေး အခြေနေကရောဆိုတာကိုတော့ “Single ပါ တစ်ခါတောင်ကျွန်တော်နဲ့ကောင်မလေး တယောက် Bar ကပုံတွေ တက်လာတယ် ပရိတ်သတ်ကိုအားနာတယ် ဒါနဲ့ပက်သက်ပြီး တချို့မသိတဲ့လူတွေက တကယ်လားဆိုပြီး ထင်နေကျတယ်။ တွေ့တိုင်းဒါကြီးဘဲမေးနေကျတာ ကျွန်တော် အာကြောင့် အခုတစ်ခါတည်းဖြေတာပါ လုံးဝsingle ပါ ဘာမှမရှိပါဘူး အရှုပ်အရှင်းလဲ မရှိပါဘူး” အချစ်ရေးနဲ့ပက်သက်လို့ တစ်မျိုးမြင်နေကြတာနဲ့ ပတ်သက်ပြီး “အဲ့လိုတော့မစိုးရိမ်ဘူးဗျ အရင်ထဲကကျွန်တော်က လိမ္မာတဲ့သူမဟုတ်ဘူး […]

ပရိသတ်တွေကြား နာမည်ကြီးနေတဲ့ မြင့်မြတ်ရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေး

ပြည်သူအချစ်တော် မင်းသားတယောက်ကတော့ သူအနုပညာလောကထဲကို စဝင်တဲ့အချိန်ကတည်းကိုက ချစ်စရာကောင်းပြီး ရိုးသားတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေ ချစ်ခင် အားပေးနေတာကြတာ ဖြစ်ပါတယ်။ မင်းသားမြင့်မြတ်ကတော့ ရုပ်ချောလို့ နာမည်ကြီးတာမဟုတ်သလို သူ့ရဲ့ရိုးသားပြီး ပရိသတ်အပေါ်ထားတဲ့ စေတနာကြောင့်လည်း လက်ရှိချိန်ထိကို နာမည်မကျပဲ အောင်မြင်နေတာ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ လက်ရှိချိန်မှာ သူ့အနေနဲ့ အနုပညာလှုပ်ရှားမှုတွေကို အဆက်မပြတ်လုပ်ကိုင်နေသလို တဖက်မှာလည်း ချစ်စရာကောင်းပြီး ပြီးပြည့်စုံတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ ချစ်စရာကောင်းလွန်းတဲ့ ဇနီးချောလေးနဲ့ ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့သားလေးကတော့ သူနဲ့ သူ့ရဲ့ချစ်ဇနီးလေးနဲ့ တူတာကြောင့် အရမ်းကို ချစ်စရာကောင်းနေပြီး လက်ရှိချိန်မှာတင် သူ့သားလေးကို အားပေးပြီး ချစ်ကြတဲ့ ပရိသတ်အများအပြားရှိနေကြပြီ ဖြစ်ပါတယ်။ လက်ရှိပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ ဗီဒီယိုအတိုလေးကတော့ မြင့်မြတ်ကို […]

ငယ်ငယ်က တင်ပါးအကိုင်ခံရလို့ကြောက်ပြီးငိုခဲ့ရတဲ့ နေခြည်ဦး

နေခြည်ဦးဟာဆိုရင် Beauty Blogger ဘဝကနေမင်းသမီးတစ်လက်ဖြစ်လာခဲ့ပြီး တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားသူပါ။ နေခြည်ဦးက ငယ်ရွယ်တဲ့မိန်းကလေးတွေ ဆယ်ကျော်သက်တွေအတွက် inspiration တစ်ခုအဖြစ်ရပ်တည်နေသလို မိန်းကလေးတွေအားကျရတဲ့ စံထားရတဲ့ အနုပညာရှင်တစ်ဦးဆိုရင်လည်းမမှားပါဘူး။ နေခြည်ဦးက လက်ရှိတစ်နိုင်ငံလုံးစိတ်ဝင်စားမှုမြင့်တက်နေတဲ့ Victoria ကိစ္စနဲ့ ပတ်သက်ပြီး သဘောထားကိုဖြေကြားသွားသလို နေခြည်ကိုယ်တိုင်ငယ်ငယ်တုန်းကလည်း မကိုင်သင့်တဲ့နေရာကိုအကိုင်ခံခဲ့ရကြောင်း ရင်ဖွင့်လာခဲ့ပါတယ်။ နေခြည်က အခုတလော တစ်နိုင်ငံလုံးရဲ့စိတ်ဝင်တစားစောင့်ကြည့်မှုကိုခံနေရတဲ့ Victoria ရဲ့ ကိစ္စအပေါ်အမြင်ကို “အခုက ကျူးလွန်သူရော ကျူးလွန်ခံရသူရောက ကလေးတွေဆိုတော့နေခြည်လည်းစိတ်မကောင်းဘူး။ ဒါက နေခြည်တို့ လက်ခံရမယ့်ကိစ္စမဟုတ်ပါဘူး။ ကလေးပဲကျူးလွန်လွန် လူကြီးပဲကျူးလွန်လွန်နေခြည်တို့ ပြင်းပြင်းထန်ထန်အရေးယူရမယ်လို့နေခြည်ထင်ပါတယ်။ ဒါပေမယ့် ကျူးလွန်သွားတဲ့မိဘတွေဘက်ကိုလည်းနေခြည်ကိုယ်ချင်းစာပါတယ်။ နေခြည်ကိုယ်ချင်းနှစ်ခုလုံးစာတယ်။ နေခြည့်ညီမလေးသာ ကျူးလွန်ခံရတဲ့ ကလေးနေရာမှာဆိုနေခြည်ခံနိုင်မှာမဟုတ်ပါဘူး။ နေခြည့်မှာမောင်လေးလည်းရှိပါတယ်။ နေခြည့်မောင်လေးက တပါးသူုကိုအဲ့လိုလုပ်လိုက်တယ်ဆိုရင် နေခြည်ခံနိုင်မှာမဟုတ်ပါဘူး”လို့ ပြောပြထားပါတယ်။ နေခြည်ကိုယ်တိုင်လည်း ငယ်ငယ်တုန်းက မကိုင်သင့်တဲ့နေရာကို အကိုင်ခံခဲ့ရလို့ ကြောက်ပြီးငိုခဲ့ရတယ်လို့ “နေခြည်ပွင့်ပွင့်လင်းလင်းပြောရရင် […]